သူများတွေကလည်း သံရုံးတစ်ခေါက်တို့ဘာတို့ရေးတော့ ကျုပ်လည်းရေးချင်တာပေါ့ဗျာ..။နှော.။
ကြာတော့ကြာလှပါဘီကျုပ်ရွာက တက်လာလို့မှ ၆လကျော်ကျော်လဲကြာရော ပါပိုကြီးက ကုန်သွားပါရောဗျိုး..။
အဲဒီမှာ စတွေ့ ကြတာ..။
သိတယ်မဟုတ်လား။ ရွာကဆိုတော့ ကျုပ်တို့က တောသားလေဗျာ..။တောသားဆိုတော့ ဒီလိုမြို့ မှာ
ရင်းနှီးတဲ့သူလည်းမရှိဘူး။တောသားတို့အားကိုးစရာသည် လမ်းညွှန်ဆိုတဲ့ သူတို့ရှေ့ မှာ ကပ်ထားတဲ့
စာရွက်တွေပေါ့ဗျာ.....................။
အသိလည်းမရှိတော့ ဘာလုပ်ရမည်မှန်း မေးမထားမိဘူး။ဒါပေမဲ့ ဘာရမလဲ.. လူမော်လည်း ရွာမှာတုန်းက
တောသားလူလည်ဘဲဟာ၊ သံရုံးကိုယောင်လည်လည်နဲ့ ဘာစာရွက်တွေလိုလည်း သွားကြည့်ထားရတာပေါ့..။
ဟုတ်ဘီ...။
ကျောင်းထောက်ခံစာ။
နေထိုင်ခွင့်။
အရင် ပါပို့အဟောင်း မိတ္တူ "မျှသာ" လိုပါသတဲ့။
အပီပေါ့။ ညကတည်းက သွားပြီး တိုကင်ပေးထားလိုက်တယ်။မနက် ထသွားတော့ သံရုံးမှာ လူတွေကို လျှံနေတာဘဲ။
သြော်ရွှေတွေ ရွှေတွေ..။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်ကြတာများ..။ အလုပ်ဖျက်ပြီးတော့တောင် သံရုံးမှာ လာပြီး
မြန်မာအချင်းချင်း စကားတွေပြောနေကြတယ်ပေါ့။
တိုးရင်းပြုရင်း လူမော့်နားထဲမှာတော့ compliment စကားတွေ အပြည့်ကြားရပါတယ်။
`ဟဲ မသာကြီးက နှေးလိုက်တာ၊ ဟိုကောင်မက ကျော်တက်သွားဘီ သူ့ စမောလေးလား မသိဘူး´ စုံနေတာဘဲ။
လူမော်လူတွေကို တော်တော်စိတ်လေသွားတာ..။ သူတို့ဘဲ 'အခွန်ပေးဆောင်ခွင့်ပြုပါ'ဆိုတဲ့ စာရွက်ကြီး ကိုင်ပြီးတော့။
သူများက သူတို့ပေးဆောင်ချင်တာကို စေတနာနဲ့ လစာကို တစ်ပြားခြောက်ပဲ ပါဂျဲရိုယူပြီးတော့ လုပ်ပေးနေတာ။
ဒီလူကြီးတွေ အလိုက်ကန်းဇိုးကို မတိကျဘူးပေါ့..။ ဟိဟိ။
တိုးလိုက် လှည့်လိုက်နဲ့ဘဲ များမကြာမီ လူမော့်အလှည့်ရောက်လာတာပေါ့..။ ငယ်ငယ်က ရုံကန္နားမှ မသွားဘူးတော့
အဲဒီတုန်းက ရုံးလူကြီးတွေ တွေ့ ရင် လန့်တတ်တယ်.. ဟဲဟဲ။
ဒါပေမဲ့ လူကြီးက ဖော်ရွှေတဲ့ပုံပေါ်ပါတယ်။ တွေ့ တွေ့ ခြင်းဘဲ လက်ကိုဖြန့်လိုက်တယ်။
(တစ်မျိုးမထင်ပါနဲ့ စာရွက်စာတမ်းတွေတောင်းတာပါ) ပြီးတော့ အနားနားလေး ကပ်ပြောတယ်။
` ဟိတ်ကောင် ၃၀၀ တော့ ကျမယ်နော်..။´
`ဗျာ´ တောသားဆိုတော့ ခွင့်လွှတ်ကြပါနော်. အဲဒီတုန်းက စကားကျယ်ကျယ်ဘဲပြောတတ်တယ်လေ.။
`ဟိတ်ကောင် တိုးတိုးတိတ်တိတ်နေ ၃၀၀ မပါရင် မရဘူးကွ။ ဂတ်အောက်´
`ဂျာ´............။
တစ်ကယ်ပါ။ သံရုံးမှာ တစ်နေကုန်ထိုင်စောင့်နေတာ အဲဒီနှစ်လုံးဘဲ သူတို့နဲ့ ပြောခဲ့ရတယ်။
အဲဒီတုန်းက ကြောက်တာကိုး။ သူတို့နောက်မှာလည်း လာဘ်ပေးလာဘ်ယူ တို့ရန်သူ တွေ၊
အပိုကြေးပေး ရန်မလိုတွေ ကပ်ထား တော့ ကိုယ်လည်း မညှိရဲဘူး။
လူမော့်မျက်လုံးကတော့ `မျှသာလိုပါသည်´ ဆိုတဲ့ သောက်သုံးမကျတဲ့ စာရွက်လေးပေါ်မှာ မျက်စိလေး ကလည်ကလည်နဲ့...................
ပြီးပါဘီ..။
PS:အဲဒီလိုနဲ့ အဲဒီရုံးက လူတစ်ရောက်ကို လုပ်ခိုင်းလိုက်တာ နဲနဲလေးဘဲ ပိုပေးရတယ်။
ညအိပ်ပြီးလဲ စောင့်စရာမလို..။လူတန်းကြီးကိုလဲ ကျော်။ ထမင်းစားချိန်နဲ့လဲမတိုး။
ဗိုလ်ချုပ်စကားကိုတော့ ကြားယောင်နေတယ်.........။ဘာတဲ့
`လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ အပြုအမူတွေကို ကျင့်ပါ´တဲ့။
သြော် ဒီမိုကရေစီ လိုချင်ရင်ကော......................................................................။
တကယ်ပြီးပါဘီ........။ ဟိဟိ!!
Thursday, November 6, 2008
လူမော်နှင့် သံရုံး
Monday, November 3, 2008
တစ္တေတစ်ကောင်၏ ဇာတ်ကြောင်း
မြေအောက်မှာရှိ နေခဲ့တာ တော်တော်ကြာသွားပြီ အခုဆို နှစ်၂၀ လောက်တော့ ကျော်ရောပေါ့...။
သူ့ ကိုသတ်ပြီး မြုပ်လိုက်ကတည်းက သူတစ်စာစာ မေးခဲ့တာ..။ သူဘယ်တော့ပြန်လွတ်မလဲ..။
သူပြန်လွတ်လာရင်ကော သူတို့ရဲ့ တော်လှန်ရေးကို ပြန်လည်လုပ်ခွင့်ပေးကြပါ..................................................။
ဒီနေ့ကတော့ အရမ်းပျော်ဖို့ကောင်းနေတယ်။အတူတူအမြုပ်ခံထားရတဲ့သူတွေကလည်း သူ့ ကို
ဝိုင်းပြီးဂုဏ်ပြုကျတယ်..။သူဒီနေ့လွတ်တော့မယ်လေ။အမှန်ပြောရရင် သူလဲပျော်နေတယ်..။
သူတော်လှန်ရေးထဲကို ပြန်လည်ဝင်ရောက်တော့မှာကိုး........။
သူ အပြင်ထွက်ထွက်ချင်းဘဲ လေတွေကို တစ်ဝကြီးရူလိုက်တယ်..။
တကယ်ပါ၊ နှစ် ၂၀ ဆိုတဲ့ အချိန်နဲ့ အမြှုပ်ခံထားရခြင်းဟာ သူ့ ရဲ့ နိုင်ငံအပေါ်မှာ
ထားတဲ့ နိုင်ငံရေးစိတ်ဓါတ်ကို မပြောင်းလဲနိုင်စေခဲ့ပါဘူး။ သူ့မှာ အမှန်တရားအတွက်တော်လှန်မယ်ဆိုတဲ့
စိတ်က လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကလိုဘဲ ရှင်သန်နေဆဲပါ။
အပြင်ကိုရောက်ရောက်ခြင်း သူ ဒေါင်းအလံတွေလွှင့်ထားတဲ့ လူတစ်စုကိုမြင်တယ်။
ပါးစပ်ကလည်း အော်နေကြတာပေါ့။ 'စစ်အာဏာရှင် အလိုမရှိ စစ်အာဏာရှင် အလိုမရှိ...'
သူပျော်သွားတာပေါ့ ။ သူအဲဒီလူတစ်စုနားလေး ကပ်သွားတယ်။လူစုကလည်း သူ့ကို ကြိုဆိုတယ်။
ရောက်ရောက်ချင်းဘဲ သူ့ ကို ကင်မရာလေးကမ်းပေးတယ်။ ဓါတ်ပုံရိုက်ပေးပါတဲ့။
သူစိတ်ထဲ ဂလယ်အူကြောင်နိုင်သွားတယ်..။ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူးလားကွယ်ရို့ ..။
ဓါတ်ပုံဘာလို့ရိုက်မှာလဲလို့ စိတ်ထဲမေးနေတယ်။
ခေါင်းဆောင်ဖြစ်ဟန်ရှိသူကဖြေတယ်.။ ကျနော်တို့ ဒါတွေကို ပြရင် ပိုက်ဆံရတယ်လေ..။
ကံကောင်းရင် သူတို့ နိုင်ငံသားတောင် ဖြစ်သွားနိုင်တယ်။ ဒါလုပ်ပြီးရင် အွန်လိုင်းပေါ်တက်ပြီးတင်မယ်လေ။
နှက်မယ့်ကောင်ရှိရင် အချင်းချင်းဖော်ကောင်လုပ်ကြတယ်..။ ဦးလေးက ဘာလုပ်မလို့လဲ။
ဟမ်...။ လက်ထဲက ကင်မရာတောင် လွတ်ကျသွားတယ်..။ သူပြန်မကောက်တော့ပါဘူး။
လှည့်ထွက်ခဲ့တယ်။သြော် တော်လှန်မယ်ဆိုပြီး နိုင်ငံရေးကို အပျော်ကြံတဲ့ သူတွေပါလား.....။
ဒါဆို....... ဒါဆို..........ငါအမြှုပ်ခံထားရတဲ့ကာလအတွင်း ငါတို့ရဲ့ တော်လှန်ရေးကြီး မအောင်မြင်သေးဘူးပေါ့။
အင်းလေ ဒီလိုလူတွေရှိနေတော့လည်း..................။
PS: တကယ်ကို တော်လှန်ရေးအတွက် အင်တိုက်အားတိုက်လုပ်နေသူများအား မရည်ညွှန်းပါ။
စော်ကားသလိုဖြစ်ပါကလည်း ၀န္တာမိပါခင်ဗျား................။
Saturday, August 30, 2008
ကြက်ပြေးမင်းတရားကြီး.....
ကဲရုရှားကဘောမတဲ့ညီလေး တို့ ရေ…
သေပြည်တော် ကြက်ပြေးမင်းတရားကြီးသက်တော် ၇၀ ရှိတဲ့အချိန်မှာပေါ့..။
တစ်နေ့ ညောင်နှစ်ပင်ညီလာခံ အပြီးမှာ ပလ္လင်အောက်က ၀န်ကြီးတွေ အချင်းချင်းတီတိုးပြောနေတာကို မြင်ပါသတဲ့။
ကြက်ပြေးမင်းတရားကြီးလည်း လန့် သွားတာပေါ့..။ညီလာခံမှာ သူပြောသမျှကို ၀န်ကြီးတွေက မြန်မာ့အသံမှာ ပြန်ရွတ်ပြရမှာကိုး..။
အခု သူမသိအောင် ၀န်ကြီးတွေတိုးတိုးပြောတယ်ဆိုတော့ ထိုင်ခုံလုဖို့လား ဆိုပြီး ကြောက်လန့် သွားမိသတဲ့..။
အဲဒါနဲ့ တိုးတိုးလေး ခြေဖော့ပြီး ခိုးနားထောင်ပါသတဲ့။ စိတ်ထဲမှာတော့ ကြက်ပြေးအရှင်ဖြစ်ပြီး ခိုးနားထောင်တာ
မကောင်းပါဘူးလေ တွေးမိသေးတယ်..။
ပြီးတော့မှ `အင်းလေ ခိုးတာ မဆန်းတော့ပါဘူး´ဆိုပြီး နားကို အသာစွင့်လိုက်ပါသတဲ့။
ဝန်ကြီး၁။ ။ဒို့ ကြက်ပြေးအရှင်က အိုပါပြီကွာ..။
ဝန်ကြီး၂။ ။အေးကွာ.။ဒါတောင် သူမအိုသေးပါဘူးဆိုပြီး ဟိုတနေ့ က မော်ဒယ်လေးတစ်ယောက်ကို ခေါ်သွားသေးတယ်.။ အိုနေပါပြီကွာ..။ ကဲ ကျောင်းစကား ကျောင်းမှာသာထားခဲ့။ငါတို့ ညီလာခံအဆင်း ဘီယာသွားကစ်ရအောင်..။
ကြက်ပြေးအရှင်ကြီးကတော့ နားထောင်လျက်ကြီး ကျန်ခဲ့တာပေါ့။ စိတ်ထဲကတော့ အမတ်ကြီးတွေ တစ်နေ့တော့ သိရမယ်လို့ ကြိမ်းလိုက်ပါသတဲ့…။
အဲဒါနဲ့ တစ်နေ့ ညီလာခံခေါ်သတဲ့။
ကြက်ပြေးမင်းတရားကြီး။ ။သယ်…..၀န်ကြီးတို့ ။ နိုင်ငံဥစ္စာငါ့ဥစ္စာကို စားသောက်ပြီး ငါ့တိုင်းပြည်နယ်သိမ် ပခုက္ကူတွင် ဆန္နပြကြတာကို ထိန်းသိမ်းနေရတာ မသိကြကုန်လော…။ငါကိုယ်တော်မြတ် လူစုမိမှာ ကြောက်တာ သင်တို့မသိကုံလော..။
သင်တို့ ဦးဆောင်ပြီးနှိမ်နင်းကြကုန်..။မရက တောင်စွယ်နေအကွယ်မှာ စတင်းဂန်းနဲ့ မသေမချင်းပြစ်စေ..။
ဟုအမိန့်ပေးကြသတဲ့။
တစ်ဖက်လှည့်နဲ့ အမတ်မင်းတို့ ပြန်တော့ အရိုးကိုက် စွမ်းအားရှင်တို့ ကို အမိန့်ပေးသတဲ့။
`လူဖြစ်ဖြစ် သင်္ကန်းဝတ်ဖြစ်ဖြစ် ၈၈က လူသတ်စံချိန်ချိုးအောင် ချသာချ ။ ဘေးဂျင်းအိုလံပစ်မှာ လူသတ်ပြိုင်ပွဲ ၀င်ပြိုင်မယ်။ငါကွ ဘူးထွားထွားထွား..။´ လို့ အမိန့်ပေးလိုက်သတဲ့။
ပြည်သူ့ဥစ္စာစား အမတ်မင်းဝန်မင်းတို့လည်း နယ်ခြားပခုက္ကူသို့ အပြင်းချီကြကုန်သတဲ့။ပခုက္ကူရောက်တော့ ဆန္နပြနေကြတဲ့သူများဟာ လူသာမန်များမဟုတ်၊ ဗုဒ္ဓရှင်ထားမြတ်ဘုရားရဲ့ သားတော်များဖြစ်နေကြသတဲ့။
သတ်ဖြတ်ပြီး အပြင်မှာ လွှင့်ပစ်ထားတာတွေကော ဘုန်းကြီးကျောင်းကို ၀င်စီးတာတွေကကောပါ မြင်တွေ့ ရတဲ့အခါ ပြင်းစွာတုန်လှူပ်ကြသတဲ့။ဝန်မင်းများခမျာ လူသာမန်များကိုသာ ပစ်ခတ်သတ်ဖြတ်တာ မြင်ဘူးတာမို့ ကြက်ပြေးအရှင်ကြီးထံ အမြန်ပြန်ကာ သံတော်ဦးတင်ကြသတဲ့။
ဝန်ကြီး။ ။အရှင်မင်းတြားကြီး။နယ်စပ်ကြားပခုက္ကူမှ ဆန္နပြသူများသည် လူမည်ကာသော်လည်း လူမျှမဟုတ်။
တန်ခိုးကြီးမားသော မြတ်ဘုရား၏ သားတော်များသာဖြစ်ပါသည်။ ကျွန်တော်မျိုးတို့လည်း မလုပ်တတ်မကိုင်တတ်ရှိနေပါတယ်။
ထိတ်လန့် ခြင်းပြင်းစွားဖြစ်မိပါတယ်ခင်ဗျား..။
မင်းတြားကြီးက နှူတ်ခမ်းတွန့် ရုံလေး ပြုံးလိုက်သတဲ့။
`သယ် အမတ်တို့ ငါ့ကိုအိုပြီထင်ကြသည်။ ငါကား မအိုသေး..။သင်တို့ ဦးထိပ်ထားသည့် ဘုရားသားဆိုတာလောက်တော့ ငါသတ်နိုင်သေးသည်။´ ဆိုပြီး လက်ရုံးလက်မောင်းကို တန်းပြကာ မော်ဒယ်လေးတစ်ယောက်ကို ဆွဲပြီး အဆောင်ထဲဝင်သွားတော်မူသတဲ့..။
အမတ်မင်းတို့ လည်းထိတ်လန့်ခြင်းကြီးစွာ ဖြစ်သတဲ့။
Thursday, July 3, 2008
အိပ်မက်
`ဟူး´ သက်ပြင်းရှည်တစ်ချက်ဆွဲမှူတ်လိုက်သည်။
နေေ၇ာင်ပူပူထဲတွင် လမ်းလျောက်ကာ ကျောင်းပြန်လာ၇တာ မလွယ်ပါလားနော်။ တနေ့ တခြား စာအကြွေးတွေ
ထပ်ထပ်လာနေသည်။ Assignment ,Projects တွေ ။မနက်ဖြန် အဖေများနေ့မှာ အဖေ့ကို ဖုန်းဆက်ဦးမယ်။
`အာ လုပ်စ၇ာကိစ္စတွေ တွေး၇င်းခေါင်းကိုက်ပြီး အိပ်ချင်လာပြီနော်´။ ထင်သည့်အတိုင်းပင် ကျနော်မောင်လူမော်ခမျာ
အိမ်လဲေ၇ာက်ကော အ၀တ်တောင်မလဲနိုင်ရှာ တန်းခနဲ အိပ်ပျော်သွားလေသည်။
………........................................
တစ်ကိုယ်လုံး ပေါ့ပါးနေသည်။သြကာဿပါတ်ဝန်းကျင်က အ၇မ်း၇င်းနှီးဖူးသလို ရှိနေသည်။ပြီးတော့
မမြင်တာကြာလို့ လားမသိ အ၇မ်းထူးဆန်းသလို ခံစားမိသည်။ ဟုတ်ပါ့၊ ကန်တော်ကြီးထဲက
ဗိုလ်ချုပ်မြင်းစီးရုပ်တုရှေ့ မှ ခုံတန်းလျားပေါ်မှာ ငါေ၇ာက်နေသကိုး။
………….......................................
`ဟင်´
ပြော၇င်း ဗိုလ်ချုပ်ရုပ်တုကြီး လှုပ်လာသည်။အသက်ဝင်လာသည်။ မြင်းပေါ်က လွှားကနဲ ဆင်းလိုက်သည်။
ဗိုလ်ချုပ်၇ဲ့ ကြေးသွန်းပါးစပ်ကြီးမှာ လှုပ်စိလှုပ်စိဖြစ်လာသည်။ ကျွန်တော့်နားကိုပင် မယုံနိုင်။
ဗိုလ်ချုပ်။ ။အမောင်လူမော် ဘယ်ကလာသနည်း။
လူမော်။ ။မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး။(မြန်မာနိုင်ငံကဆိုတော့လဲ အကျင့်ပါနေလေပြီ။)
ဗိုလ်ချုပ်။ ။ဟ၊ ဘယ့်နှယ် ဘဘဗိုလ်ချုပ်ကြီးတဲ့။ အသုံးအနှူန်းအသစ်ပါလား။ဗိုလ်ချုပ်ပဲလုပ်ပါဟ။
လူမော်။ ။ဟုတ်ကဲ့ဗိုလ်ချုပ်၊ ခုနောက်ပိုင်း အထက်တန်းကျောင်းတွေမှာ သင်ပေးတဲ့စာလုံးအသစ်ပါ။
ဗိုလ်ချုပ်။ ။ကျောင်းက ကျောင်းစာမသင်ဘူးလား။
လူမော်။ ။ကျောင်းက ကျောင်းစာသင်ပါတယ်၊ ဒါပေမဲ့ စာမေးပွဲအောင်မှန်း၊ မအောင်မှန်း မသေချာဘူး။ကျူရှင်တက်မှ
စာမေးပွဲအောင်တယ် ဗိုလ်ချုပ်၇ဲ့ ။ ဆ၇ာမက စာသင်တယ်ဆိုတာထက် တာဝန်ဆိုတဲ့ လက်ပတ်ကြီးပတ်ပြီး
ကျောင်းသားတွေကို ထိန်း၇တယ်ဗျ။
ဗိုလ်ချုပ်။ ။လူမော်၇၊ ငါတော့ အာရှနိုင်ငံတွေ တိုးတက်ပုံကို လေ့လာချင်သကွယ်၊ အမောင်လူမော် အဖော်ပြုမယ်ထင်ပ။
လူမော်။ ။ ဗိုလ်ချုပ်ကိုလည်း လူမော်မေးစ၇ာအများကြီးရှိတယ်။ သွားကြတာပေါ့။
ဗိုလ်ချုပ်လက်တစ်ဖက်ကို ဝှေ့ ယမ်းလိုက်လေသည်။ မီးခိုးများအလိပ်လိုက်ထွက်လာကာ နှစ်ယောက်လုံးကို
ဖုံးအုပ်သွားသည်။
အငွေ့ ပြယ်သွားသည့်အချိန်..........။
အား ပါးပါး။
ဂျပန်နိုင်ငံ တိုကျိုမြို့ လယ်ခေါင်တွင်ေ၇ာက်ရှိနေခြင်းဖြစ်သည်။
ဗိုလ်ချုပ်။ ။ငါတို့ စစ်ပညာသင်ခဲ့တုန်းကတော့ တိုကျိုဆို၇င် သွားချင်ခဲ့တာပေါ့။ ခုတော့ တိုးတက်လွန်းလိုက်သကွာ။
ဟုတ်တော့လည်းဟုတ်သည်။ လူတွေသည် ပုရွက်ဆိတ်သိုက်ကို တှတ်နှင့်ထိုးလိုက်သလို ရွစိရွစိနှင့် သွားလာနေကြသည်။
နေ့ ခင်းကြောင်တောင်ထင်မှတ်၇လောက်အောင်လည်း ညအချိန်တွင် နီယွန်မီးများထွန်းထားလေသည်။
တိုကျိုက သံလိုက်၇ထားတွေကိုလည်းတွေ့ ၇သည်။ မြန်လိုက်သည်မှာ မြန်မာ့မီး၇ထားနှင့် နင်လားငါလား။
ဗိုလ်ချုပ်က အတော်ကျေနပ်ဟန်ဖြင့်၊ နောက်ထပ်လက်တစ်ချက်ဝှေ့ လိုက်၇ာ တောင်ကို၇ီးယားနိုင်ငံ
ဆိုးလ်မြို့ သို့ ရွတ်ကနဲေ၇ာက်ရှိသွားပြန်သည်။ ဆိုးလ်သည်လည်း ခေတ်နှင့်လျော်ညီစွာ တိုးတက်နေကြသည်။
ဗိုလ်ချုပ်က `တိုင်းတစ်ပါးသားလက်ချက်ကြောင့် အရှေ့ နဲ့ အနောက်ဂျာမနီကွဲခဲ့သလို သူတို့ လဲတောင်နှင့်မြောက်
ကွဲနေတာပါလားနော်´ ဟုအစချီကာ စကားများပြောလေသည်။
(ဗိုလ်ချုပ်ကတော့ ယခုမြန်မာလူမျိုးအုပ်ချုပ်တဲ့ မြန်မာ့တပ်မတော်ကြီး၇ဲ့  စွမ်းစွမ်းတမံဆောင်ရွက်ချက်တွေကြောင့်
ကွဲတာထက်ပိုဆိုးကာ မွဲပြာကျနေတာသိသေးပုံမပေါ်။)
အနှီလူမော်ဆိုတဲ့ ကိုယ်တော်ကတော့ လမ်းလျောက်၇င်း အကုန်လုံးနီးပါး လှနေကြသော ကို၇ီးယားမလေးတွေကို
ငေးလိုက်နှင့်မို့ မကြားတစ်ချက် ကြားတစ်ချက်။
ဗိုလ်ချုပ်။ ။မောင်လူမော် ကျွန်ုပ်ကိုမေးစ၇ာရှိတယ်ဆို။
လူမော် ။ ။အာ ။ ဟုတ်ပ မေ့နေလိုက်တာ။ ဒီလိုဗိုလ်ချုပ်၇။ဗိုလ်ချုပ် စစ်သေနာပတိအဖြစ် ဗမာ့တပ်မတော်မှာ
တာဝန်ယူတုန်းက ဗိုလ်ချုပ်ပိုင်တဲ့စစ်တပ်လို့ လူတွေက မပြောကြဘူးလား။
ဗိုလ်ချုပ်တစ်ချက်တော့ တွေသွားသည်။
ဗိုလ်ချုပ်။ ။နော်မန်ဆိုတဲ့ ကာလကတ္တားက သတင်းထောက်တစ်ယောက်က ငါ့ကိုအိမ်တိုင်၇ာေ၇ာက်လာပြီးမေးဘူးတယ်။
ပြည်သူ့ ၇ဲဘော်တပ်ဆိုတာ ဦးအောင်ဆန်း၇ဲ့ တပ်လားတဲ့။ငါကလဲ ပြန်ဖြေတာပေါ့၊ ကန္နီစာချုပ်အ၇
မျိုးချစ်တော်လှန်ေ၇းသမားအားလုံးကို ဗမာ့တပ်မတော်အတွင်း ၀င်ခွင့်မ၇ခင် စပ်ကြား ကျန်ရှိတဲ့
စစ်သားအားလုံးကို ကစဥ့်ကလျားမဖြစ်အောင် အသင်းအဖွဲ့ ပေးပြီး စည်းရုံးထားတာ ဖြစ်တယ်
လို့ ပြန်ဖြေတာပေါ့။စဉ်းစားကြည့်လေ လူမော်၇ယ်၊ ဖက်ဆစ်ဝါဒအရတောင် ငါတစ်ယောက်တည်း
သဘောလုပ်လို့မ၇ဘူး။ ဖဆပလတို့ နဲ့ တိုင်ပင်ပြီးမှ အလုပ်လုပ်၇တာ။ပြီးတော့ ငါထပ်ပြီးတောင်ပြောလိုက်သေးတယ်။
မကျေနပ်၇င် အချိန်မရွေး ဆင်းပေးမယ် လို့ …။
လူမော်။ ။ကွာလိုက်သဗျာ ဒီခေတ်လူကြီးတွေနဲ့ ။
ဗိုလ်ချုပ်။ ။နောက်တစ်နေ၇ာသွား၇အောင်။
ပြောပြောဆိုဆိုလက်တစ်ချက်ဝှေ့ လိုက်၇ာ လူမော်တစ်ယောက် ချား၇ဟတ်စီးသလို ခံစားလိုက်၇သည်။
မြင်ကွင်းများလည်း ချာချာလည်ကာ တဖြည်းဖြည်းနှင့်အကုန်ပြောင်းလဲလာသည်။ ခြင်္သေ့လိုလို ငါးလိုလိုအရုပ်ရှေ့ မှာ
မတ်တတ်ကြီးေ၇ာက်သွားလေသည်။ သေချာပြီ၊ စင်္ကာပူ။
ဗိုလ်ချုပ်။ ။ကမ္ဘာမှာ အသေးဆုံးနိုင်ငံလေးက အာရှကျားလေးကောင်ထဲတောင်ပါနေပါပေါ့လား။
သူတို့ ရဲ့ ကြိုးစားတဲ့ စွမ်း၇ည်ကိုတော့ ကြိုက်တယ်ကွယ်။ အ၇င်းအမြစ်မရှိတဲ့ အထဲက
ဒီလိုဖြစ်အောင်ထူထောင်နိုင်တယ်။
လူမော်။ ။အင်း၊ ဟုတ်ပေ၇တောင်မရှိလို့  မိလ္လာ၇ည်ကို သန့် စင်ပြီးသောက်၇သတဲ့၊ မလေးရှားက
ေ၇တွေဝယ်သောက်၇သတဲ့၊ ထွီ ပြော၇င်းဆို၇င်းေ၇ဆာလိုက်တာ။ ဗိုလ်ချုပ် မြန်မာနိုင်ငံပြန်မယ်ဗျို့ ။
ဒီမှာေ၇တော့ မသောက်ချင်ဘူး။တော်ကြာ သန့်စင်ထားတဲ့ေ၇တွေသောက်မိလိုက်မှဖြင့်။
ဗိုလ်ချုပ်လက်တစ်ချက်ဝှေ့ လိုက်သည်နှင့် ကန်တော်ကြီးပန်းခြံရှိ သူ့ နေ၇ာ ရုပ်တုနားလေးပြန်ေ၇ာက်သွားသည်။
ကျွန်တော်ကတော့ လမ်းဘေးရှိေ၇ခဲေ၇သည်ဆီမှ အမောပြောေ၇အေးအေးတစ်ခွက် ဇိမ်ခံကာဆွဲနေသည်။
ဗိုလ်ချုပ်။ ။ကျွန်ုပ်တို့ သွေးနဲ့ ချွေးနဲ့ စိုက်ပျိုးပေးလိုက်တဲ့ လွတ်လပ်တဲ့မြန်မာနိုင်ငံတော်ကြီးဟာ
အခက်စုံလင်စွာ သီးပွင့်ပြီး အခြားအရှေ့ တောင်အာရှ နိုင်ငံတွေလို ရှင်သန်နေတာမြင်ချင်မိသကွယ်။
မြန်မာနိုင်ငံကို မြန်မာတွေအုပ်ချုပ်ပြီး မြန်မာတွေသင်တဲ့ မြန်မာတက္ကသိုလ်မှာ အခွင့်အေ၇း၀၀ အကျိုးရှိရှိ
တတ်မြောက်အောင်သင်နိုင်တာကို ဂုဏ်ယူနိုင်၇မယ်။
ဒါဘဲကွာ လစ်ပြီ။ မြန်မာတွေသောက်ချိုးပြေကြပါ၊ သောက်စည်းကမ်းရှိကြပါလို့ ပြောလိုက်ပါ။
ကျွန်တော်ေ၇ခွက်ကို ချကာ အသံလာ၇ာကြည့်လိုက်တော့ ဗိုလ်ချုပ်မရှိတော့။
ဗိုလ်ချုပ်ရုပ်တုကြီးသည် အ၇င်အတိုင်း…။
ထိုအခိုက် ကျွန်တော့်နားထဲတွင် တုန်လှူပ်ခြောက်ခြားဖွယ် အသံကြီးတစ်ခု ကြားလိုက်၇သည်။
`ဂလင်ဂလင်ဂလင်ဂလင်´
အိပ်၇ာထဲတွင် လူးလွန့် မွန်းကြပ်စွာနိုးလာသည်နှင့်တစ်ပြိုင်နက် ကျွန်တော့်အတွေးတွင် အိပ်မက်တစ်ခုဆိုတာ
နားလည်လိုက်၏။ အမှန်တကယ်ပင် စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။
ဗိုလ်ချုပ်မျှော်မှန်းတဲ့ အရှေ့ တောင်အာရှမှာ အတိုးတက်ဆုံးမြန်မာနိုင်ငံတော်ကြီးဆိုတာကလေ………..။
…………………………………………………
`ဟာ.....၊ တောက် လက်ချာတစ်ချိန်လွတ်ပြန်ပြီ´
……………………………………………….
Monday, June 23, 2008
မြန်မာနိုင်ငံ၏ စစ်အ၇ာရှိကောင်း
* မထပ်နိုင်တဲ့  ဖရုဿဝါစာကို မိနစ်၂၀ မနားတမ်းပြောနိုင်ခြင်း။
* ရုံးအလုပ်မလုပ်နိုင်သဖြင့် လက်နက်မရှိသော လူအားရိုက်၇မည်ကို ပိုမြတ်နိုးခြင်း။
* တာဝန်ဆိုသည့်လက်ပတ်မလို၇အောင် တာဝန်ကျတယ်ဆိုသည်ကို သိနိုင်ခြင်း။
* ဆန္နခံယူပွဲနိုင်ခြင်းမှာ နအဖဖြောင့်မှတ်ခြင်းကြောင့်ဟု သဘောပေါက်ခြင်း။
* တံတားဆောက်ခြင်းသည် နိုင်ငံတိုးတက်သည်ဟု မှတ်ယူနိုင်ခြင်း။
*ေ၇ကာတာဆောက်ခြင်းသည် တိုင်းပြည်အတွက် စားနပ်၇ိက္ခာဖူလုံသည်ဟု သိရှိထားခြင်း။
* စစ်ထမင်းကို နတ်သုဒ္ဓါဟု ထင်မှတ်နိုင်ခြင်း။
* စစ်တပ်တွင် အဆင့်တူ မိန်းမများကိုသာ မကြောက်ခြင်း။(ရှိမှမရှိမဲ့ဟာကိုး)
* ချက်တင်တက်ပြီး ဘလောခ့်တွင်ဆဲနိုင်ခြင်းကား ထူးခြားပြောင်သောအ၇ည်အချင်းဖြစ်သည်ဟု နားလည်ထားခြင်း။
* စစ်သားများ ခါးတွင် လေးခွတပ်ပေးထားခြင်းကား စစ်စ၇ိတ်ချွေတာခြင်းဟု နားလည်ခြင်း။
* ဘယ်သူ့ ကို ကပ်၇မည်ဆိုတာ နားလည်သဘောပေါက်ခြင်း။
* လက်အောက်ငယ်သားကို ဖိနိုင်ကာ အထက်ကို ဖားနိုင်ခြင်း။
* ဖိနပ်ပြောင်အောင်တိုက်နိုင်ခြင်း။
* လူကြီးအား ထီးလိုက်မိုးပေးနိုင်လောက်အောင် အ၇ပ်ရှည်ခြင်း။
* မြန်မာ့အလင်းနှင့်ကြေးမုံသည် သတင်းမှန်များထုတ်လွှင့်သည်ဟု အမြင်မှန်ရှိခြင်း။
* ဒီမိုကေ၇စီများကို အချောင်သမားများဟုထင်နိုင်ခြင်း။
* အမေ၇ိကန်ဆိုလျင် မုန်း၇မည်ဟုထင်ခြင်း။
* ပြည်ပေ၇ာက်ဘလောဂါဆိုသည်မှာ ပိုက်ဆံရှာစားသူသက်သက်သာဖြစ်သည်ဟု ပြောဆိုခြင်း။
* သောက်သုံးမကျတဲ့သူတို့ အရာရှိမှာ သောက်သုံးမကျသူများသာ ပိုင်ဆိုင်ထားကြောင်း သိနားလည်ခြင်း။
PS:တခြားခြားသောထူးခြားသောအရည်အချင်များရှိလျင် မေးလ်ပို့ ကာ ပြောပြနိုင်ပါသည်။
ဘောမ ၊ ဖင်ရက် ၊ လိုအပ်ရင် ဖင်ခံ ... နှမပါပေးနိုင်၍ အထက်လူကြီးများနှင့် မိန်းမကိုပါ ရှယ်ရာလုပ်နိုင်တဲ့ အရည်အချင်းရှိခြင်း။
(တေလေ)
Thursday, June 19, 2008
တကယ့်သတ္တိ
တစ်ခါက တိုင်းမှူးသုံးယောက်ဆုံကြ၇ာဝယ်..။
ပထမတိုင်းမှူး။ ။ကျနော့်တပ်သားတွေကတော့ အလွန်သတ္တိရှိလှသကွာ..။
ဒုတိယတိုင်းမှူး။ ။အမယ် ကျနော့်ကောင်လေးတွေလဲ ရှိပါတယ်ဗျ..။
တတိယတိုင်းမှူး။ ။ဒါဆို စမ်းကြည့်၇အောင်ဗျာ..။ကျနော့်ကောင်လေးတစ်ကောင်ခေါ်လိုက်မယ်။
မောင်လှ မင်းအဲဒီရှေ့ မှာရှိတဲ့ေ၇စင်ပေါ်ကနေခုန်ချနိုင်သလား။
မောင်လှလဲ တိုင်းမှူးလက်သုံးတော်ဖြစ်၇ခြင်းကို ဂုဏ်ယူသော်လည်း ကြောက်လှသဖြင့် ကြိုးဖြင့် ခုန်ချလေသည်။
တံတောင်ဆစ်ပွန်းပဲ့သွားပြီး ဒဏ်၇ာအနာတ၇ဖြစ်သွားသည်။
တတိယတိုင်းမှူး။ ။ဒါသတ္တိမရှိပေဘူးလားဗျာ..။
ဒုတိယတိုင်းမှူး။ ။ဒါလောက်ကတော့ ကျနော့်ကောင်လေးက ပျင်းတောင်ပျင်းသေးတယ်တောင် ဆိုလိုက်ဦးမယ်..။
ကဲ မောင်ဘေ၇ ဟိုေ၇စင်ပေါ်ကနေ ငါ့ကို စတိုင်ကျကျနဲ့ ခုန်ချပြ..။သူများလို ကြိုးမသုံးနဲ့ ။
မောင်ဘလည်း အကြံအိုက်နေတုန်း လေထီးတစ်ခုကိုယူကာ ခုန်ချလိုက်၇ာ ခြံစည်းရိုးပေါ်တည့်တည့်ကျသဖြင့်
ခြေထောက်ကွဲလေသည်..။
ဒုတိယတိုင်းမှူး။ ။ဒါက ပိုသတ္တိရှိတာပေါ့ မဟုတ်ဘူးလား..။
ပထမတိုင်းမှူး။ ။ကျနော့်ကောင်လေးကိုလဲ စမ်းသပ်ပ၇စေဦး..။ မောင်နီေ၇ ဟိုရှေ့ ကမြင်၇တဲ့ေ၇စင်ပေါ်ကနေ ငါ့ကို
ဒိုင်ဗင်ထိုးပြစမ်း..။ ကြိုးမသုံးနဲ့ လေထီးမသုံးနဲ့ ။
မောင်နီက တိုင်းမှူးအားလုံးကို စိမ်းစိမ်းကြည့်လိုက်သည်။
မောင်နီ်။ ။ခင်ဗျားတို့ အားလုံး အနိုင်၇လိုမူအတွက် လက်အောက်ငယ်သား အနာတ၇ဖြစ်တာ တ၇ားသလား၊ ရူးနေကြသလား..။
လူအားလုံးက မောင်န်ီကို ၀ိုင်းကြည့်ကြသည်။
ပထမတိုင်းမှူးက ပုခုံးကိုပုတ်ကာ အေးအေးဆေးဆေးပြောလိုက်သည်..။
ပထမတိုင်းမှူး။ ။ကြည့်ထား ကိုယ့်အထက်အ၇ာရှိ မှန်မမှန် သိအောင်ပိုင်းခြားပြီးမှ လိုက်လုပ်တတ်ပြီး မှားနေ၇င်လဲ ထောက်ပြ၇ဲတဲ့
သတ္တိကမှ တကယ့်သတ္တိအစစ်ကွ……………။မြဲမြဲမှတ်ထား………….။
PS/အခုထိတော့ ဖိနပ်သုတ်၊ ယပ်ခပ် ထီးလိုက်မိုးပေး၊ ကောင်မလေးတွေကို လိုက်ဆဲ ဘလောခ့်မှာပဲ လူမရှိမှ ဟောင်၇ဲတဲ့
တပ်သားလေးတွေသာ တွေ့ နေ၇ပါသဖြင့်.......................
Friday, June 13, 2008
ကျနော်တို့ ရွာ
တစ်ခါက ရွာကြီးတစ်ရွာရှိသတဲ့။ အဲဒီရွာကို ရွှေရွာလို့ တခြားခြားသောရွှာတွေက ခေါ်ကြသတဲ့။
လေယာဉ်ကြီးတွေပေါ်ကနေကြည့်လိုက်၇င်ေ၇ာင်ဝါထွန်းလင်းနေတဲ့ စေတီပုထိုးတွေကို မြင်၇လို့ပါတဲ့။
ဒါပေမဲ့ ရွာမှာတော့ လူမျိုးအတန်းအစား ကို အ၀တ်အေ၇ာင်နဲ့ ခွဲခြားထားပါသတဲ့။
သူကြီးဖြစ်သူနဲ့ သူ၇ဲ့ အစေအပါးတွေက အစိမ်းေ၇ာင်ဝတ်ဆင်ကြပါသတဲ့။ ရွာသူရွာသားတွေကတော့
အဖြူေ၇ာင်ဝတ်ဆင်ကြသတဲ့။ အဖြူအစိမ်းဝတ်တဲ့သူတွေကြတော့ သူကြီးနဲ့ လည်း ပနံသင့်တဲ့
လူထုဒါမှမဟုတ် သူကြီး၇ဲ့ လက်ကိုင်တုတ်လို့ ခေါ်ပါသတဲ့။ သူတို့ ကတော့ သူကြီး၇ဲ့ ဝမ်းမနာသားတွေလို့ 
ဆိုလို့ လဲ ၇ပါတယ်။တချို့ ရွာတွေက လူထုပြပါဆို၇င် အဲဒီအဖြူအစိမ်းဝတ်တွေဘဲ သူကြီးက
ပြလေ့ရှိပါတယ်။နောက်တစ်ဖွဲ့ ကတော့ အ၀ါဝတ်တွေပေါ့။သူတို့ က များသောအားဖြင့် အစိမ်းဝတ်တွေ၇ဲ့ 
မယားတွေ အမြောင်တွေ တိတ်တိတ်ပုန်းတွေပေါ့လေ။ သူတို့ လဲ တစ်ခါတစ်လေ သူတို့ လဲ
ပြည်သူလူထုအယောင်ဆောင်တတ်ပါသတဲ့။သူကြီးက ဗုဒ္ဓဘာသာပင်ဖြစ်သော်လည်း
ရွာဦးဘုန်းဘုန်းကိုတော့ သူမကြောက်ဘူးတဲ့။ ဘာလို့ လဲဆိုတော့ သူ့ ကိုအာခံတဲ့ဘုန်းဘုန်းဆို၇င်
ဘာဘာညာညာလုပ်မနေဘူး သူကြီးအကြည်ညိုပျက်အောင်လုပ်လို့ ဆိုပြီး မောင်းနင်းကာ ကြေငြာပြီး
ထိပ်တုံးခပ်သတဲ့။ဘုန်းဘုန်းကိစ္စပြီးအောင် သူ့ စကားနားထောင်တဲ့ဘုန်းဘုန်းပဲ
ရွာဦးကျောင်းထိုင်ခန့် ထားလိုက်တယ်။ ဒီလိုနဲ့ သာသနာေ၇းကိစ္စတွေ အစိမ်းဝတ်အောက်မှာ
ပြီးပါလေေ၇ာလား။ဒါတောင် အစိမ်းဝတ်ပေါက်စလေးတွေက သူတို့ အစိမ်းဝတ်ဘဘကြီးတွေစိတ်ဝင်ပြီး
တစ်ခါတစ်လေ ဘုန်းဘုန်းတွေကို ဆ၇ာလုပ်တတ်သေးပါသတဲ့။
သူကြီးတို့ အဖွဲ့ က နေ့ မအားညမအား ရွာတာဝန်တွေ ထမ်းဆောင်တတ်ကြောင်း
ဟန်ဆောင်တတ်ကြသတဲ့။ ဒီလိုထမ်းဆောင်ကြောင်းကို မောင်းနင်ခတ်ပြီး
ကြေငြာလေ့ရှိသတဲ့။ဘု၇ားသွားကျောင်းတက်တာက သူကြီးတို့ အတွက် သတင်းထူးဖြစ်ပြီး
ရွာကို ၀င်တိုက်ဖို့ ဓါးပြအဖွဲ့ ကြံတယ်ဆိုတာလောက်ကတော့ သိပ်အေ၇းမကြီးပါဘူးတဲ့။
ရွာဆော်ဖို့ မောင်းကိုတော့ သူကြီးပဲ အပိုင်စီးထားပြီး သူ့ အကြောင်းအမှန်ပြောဖို့  မောင်းတီးလျှင်
ရွာပျက်ပြား၇န် သွေးထိုးလှူံ့ ဆော်တယ်ဆိုပြီး ထိပ်တုံးခတ်တတ်သတဲ့။
သူကြီးက နည်းနည်းတော့ အယူသည်းတတ်ပါသတဲ့။သူမောင်းခတ်၇င် `၇ည်မှန်းချက်မပြည့်မှီခြင်းတို့ 
ငွေဖောင်းပွသဖြင့် ငွေလဲလှယ်မူနူန်း ကျဆင်းလာခြင်းတို့ စီးပွားေ၇းကျဆင်းလာခြင်း´တို့ 
မကြား၇တတ်ပါဘူးတဲ့။ သို့ ပါသော်လည်း ရွာအခြေအနေဆိုးလာတာကိုတော့ အစိမ်းဝတ်များ
ငြင်းမ၇သကိုး။ ဒါပေမဲ့လည်း သူတို့ မှာ ဖြေသိမ့်စ၇ာရှိသတဲ့။စင်္ကာပူ၇ာဆိုတဲ့ ရွာသိမ်ရွာငယ်တောင်
အာရှကျားဖြစ်လာဖို့ နှစ် ၄၀အရှိန်ယူ၇တယ်တဲ့ ကျုပ်တို့ ရွှေရွာလို ရွာကြီးဟာ အများကြီး အချိန်ယူ၇မှာ
မဆန်းပါဘူးလို့  အစိမ်းဝတ်ပေါက်စများ ပြောလေ့ရှိကာ ဖြေသိမ့်ကြသတဲ့။
တစ်နေ့ မှာ နာဂစ်ဆိုတဲ့ သူပုန်တွေက ရွာကို ၀င်စီးသတဲ့။ အင်အားမကောင်းတော့ ရွာအောက်ပိုင်းက
လယ်ခင်းတွေပဲ ပါသပေါ့။ သို့ ပေမဲ့ နာဂစ်ဖျက်ဆီးသွားတဲ့ လယ်ခင်းတွေမှာ ရွာက
လက်လုပ်လက်စားဦးကြီးတွေ ထမင်းစားဖို့ စပါးစိုက်လို့မ၇တော့ဘူးတဲ့။ဒါကို အနီးအနားက ရွာတွေက
သိတော့ လာေ၇ာက် အလှူပေး လုပ်အားပေးကြသတဲ့။ ဒါပေမဲ့ သူကြီးခမျာ သူ၇ပေါက်မမြင်တော့
လာေ၇ာက်လုပ်အားပေးတည့်သူတွေကို ရွာဝင်ခွင့်မပေးပါဘူးတဲ့။ အဲဒါနဲ့  သူကြီးက ရွာနီးချုပ်စပ်ကို
လှည့်လည်အလှူခံပါသတဲ့။ ၇သမျှကို သူဘုန်းမယ်ကြံသပေါ့။ဒါကို မသိတည့်ရွာများကတော့
လှူလိုက်ပါသတဲ့။ ငွေအဿပြာ ၁၁သန်းလောက် အလှူ၇လိုက်တော့ သူကြီးနဲ့ အပေါင်းအပါတွေလည်း
ပျော်သွားတာပေါ့။အဲဒါနဲ့ သူကြီးလည်းတွေးမိတယ်။`နာဂစ်၇ယ် နင် ၃ခါလောက် လာတိုက်၇င် ငါတို့တော့ ချမ်းသာပြီ´
ဟူသတဲ့။မှတ်သားလောက်ပါပေတယ်။
Saturday, June 7, 2008
ကျောင်းလွယ်အိတ်ကြီး
တစ်ခါက သန်းရွှေသည် သူ့ မြေးကို စင်္ကာပူမှ ကျောင်းပို့ ရာမှအပြန် ရုရှားတစ်လက်လုပ်
လေယာဉ်ကြီး စက်ချို့  ယွင်းလေသည်။Private Air ဖြစ်သည့်အတွက် လေယာဉ်တွင် သူနှင့်
ဒေးဗစ်ဘက်ခမ်း၊သူ့ မိန်းမ နှင့် သားဖြစ်သူ ဗရုကလင်းဘက်ခမ်း ပါကာ လေထီးကား ၃ခုသာရှိလေသည်။
ဒေးဗစ်။ ။ကျနော်ကတော့ ကမ္ဘာကျော်ဘောလုံးသမား၊ ပြီးတော့ ကျနော်သေ၇င် တစ်ကမ္ဘာလုံးက
ခင်ဗျားတို့ မြန်မာနိုင်ငံကို ၀ိုင်းဆဲကြလိမ့်မည်။ ကျနော်သေလို့ မဖြစ်ဘူး။ အဲဒီတော့ လေထီးတစ်ခု ကျနော်ယူမယ်။
သန်းရွှေ။ ။ငါက မြန်မာနိုင်ငံကို မင်းလုပ်အုပ်ချုပ်နေတာကြာပြီ။ ငါဟာ နိုင်ငံ့အကြီးအကဲဘဲ။
ငါဒီလောက်ဥာဏ်ကောင်းလို့ ဒီလိုအုပ်ချုပ်နိုင်တာ။ ငါသေလို့ မဖြစ်ဘူး လေထီးတစ်ခုယူသွားမယ်။
ဟုဆိုကာ ပြောပြောဆိုဆို အိတ်ကိုဆွဲကာ ခုန်ချသွားလေသည်။
ဘက်ခမ်းလင်မယားနှစ်ယောက် အကြီးအကျယ်တုန်လှူပ်သွားလေသည်။
ဘရုကလင်းဘက်ခမ်း။ ။`ဖေဖေဒေးဗစ်နဲ့ မေမေဗစ်တိုး၇ီးယား တစ်မိသားစုလုံးအသက်ရှင်လိမ့်မယ် မပူနဲ့ 
ဥာဏ်ကောင်းတဲ့ နိုင်ငံအကြီးအကဲဆိုတဲ့သူ ယူသွားတာ သား၇ဲ့ ကျောင်းလွယ်အိတ်ကြီး….´
အိုင်ကျူ
ဖေဖေတရုတ်သည် သားသားသန်းရွှေအား စက်ရုပ်တစ်ရုပ် လက်ဆောင်ပေးလေသည်။ ထိုစက်ရုပ်သည်
ဦးနှောက်အဆင့်အတန်းနှင့် လိုက်လျောညီထွေစွာ စကားပြောတတ်သည်။
သန်းရွှေကြီးလဲ ၀မ်းသာအား၇ဖြစ်ကာ စတင် ကလိလေသည်။စက်ရုပ် power ခလုပ်ကို စကာ ဖွင့်လျင် ဖွင့်ခြင်း
စက်ရုပ် ။ ။ မိတ်ဆွေ အိုင်ကျူဘယ်လောက်ရှိပါသလဲ။
သန်းရွှေ။ ။ ၁၅၀
အဲဒါလဲပြီးေ၇ာ စက်ရုပ်က သူ့ ကို Quantum Physics နဲ့ Philosophy သဘောတ၇ားတွေ ပြောပါလေေ၇ာ။
ခက်တာက သန်းရွှေက နားမှမလည်ဘဲ။အဲဒါနဲ့ စက်ရုပ်ကို Stop လုပ်ပြီး ပြန်စလိုက်တယ်။
ထုံးစံအတိုင်း..
စက်ရုပ် ။ ။ မိတ်ဆွေ အိုင်ကျူဘယ်လောက်ရှိပါသလဲ။
သန်းရွှေ။ ။၁၀၀
အဲဒါလဲပြီးေ၇ာ စက်ရုပ်က သူ့ ကို ဘောလုံးပွဲနဲ့  အားကစားပွဲတွေအကြောင်းပြောပါသတဲ့။
သန်းရွှေနားမလည်နိုင်ပြန်ဘူး။သူပြန်စတယ်။
စက်ရုပ် ။ ။ မိတ်ဆွေ အိုင်ကျူဘယ်လောက်ရှိပါသလဲ။
သန်းရွှေ။ ။၂၀
စက်ရုပ်။ ။ဒါဆို ဆန္နခံယူပွဲမှာ Yes ပေးလိုက်ပါ။
အဲဒါနဲ့ ဘဲ.....။
Wednesday, June 4, 2008
လတ်စသတ်တော့
သန်းရွှေက ကြိုင်ကြိုင်ကို ညားခါစမှာ သေတ္တာတစ်ခုပေးသတဲ့။ ပြီးတော့ ကတိတစ်ခုတောင်းတယ်။
ဒီသေတ္တာကို ဘယ်တော့မှ မဖွင့်၇ပါဘူးလို့  သူ့ ကိုကျိန်ခိုင်းတယ်။ ဒါနဲ့ ပဲ သန်းရွှေက အကောင်ကြီးဖြစ်ပြီး
ကြီးပွားလာသတဲ့။ တစ်နေ့ မှာ ကြိုင်ကြိုင်က တရုတ်ကို ရှော့ပင်ထွက်ဖို့ အိမ်ရှင်းလင်း၇င်း ကုတင်အောက်က
အဲဒီသေတ္တာကြီးကို တွေ့ သတဲ့။အဲဒီအခါ သူဟာ ကတိထားမိတာ မေ့ပြီး သေတ္တာကို ဖွင့်ကြည့်လိုက်တော့
မြန်မာဘီယာ၃ပုလင်းနဲ့ ဒေါ်လာ ၁၃၀၀၀၀ကျော် တွေ့ သတဲ့။ဒေါ်ကြိုင်ကြိုင်ကစဉ်းစားတာပေါ့။ ငါတို့မှာ
နိုင်ငံတစ်နိုင်ငံလုံးပိုင်နေတာတောင် ပုလင်းခွံနဲ့ ဒေါ်လာ ၁၃၀၀၀၀ကျော် လောက်ကို ငါ့ကို
သိမ်းခိုင်းထားသေးတယ်လို့ တွေးပြီး သေတ္တာကို ပြန်သိမ်းထားလိုက်သတဲ့။
ညအေ၇ာက် ဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးနေပြည်တော်မှ အပြန် ကြိုင်ကြိုင်ကို ထမင်းခွံ့ ကျွေးနေတုန်း ကြိုင်ကြိုင်ကမေးသတဲ့။
ကြိုင်။ ။အရွှေ ဒီနေ့ ဘယ်သွားနေတာလဲ။
ရွှေ။ ။ဒီနေ့ လား ဘန်ကီးမွန်းလာလို့ ဘု၇ားလိုက်ပြတယ်လေ။ငါ့ရုပ်တူ ထုထားတဲ့ဘု၇ားလေ။
ဒီကောင်ကြီး ရှိခိုးတာမြင်တော့ ၇ီချင်လိုက်တာ။ဟီးဟီး..။
ကြိုင်ကြိုင်က စကားကို တန့် လိုက်ကာ မျက်နှာကို သနားကမားပြင်လိုက်လေသည်။
ကြိုင်။ ။အရွှေကို့ အကြိုင်တောင်းပန်စ၇ာ တစ်ခုရှိတယ်။ ဒီနေ့ ကုတင်အောက်ကို ရှင်းတုန်း မင်္ဂလာဦးညက
သေတ္တာကို သွားတွေ့ တယ်။ ကတိပေးထားတာမေ့ပြီး ဖွင့်မိလိုက်တယ် အရွှေ၇ယ်။
ရွှေ။ ။အင်း ကိုယ့်အပေါ် ဒီလိုပွင့်လင်းတာ ကျေးဇူးတင်လိုက်တာ ကြိုင်၇ယ်။ ကိုယ့်မှာ အခုဆို
ကိုယ်မွေးတဲ့ မျောက်က ကိုယ့်ပြန်ခြောက်နေတဲ့အပြင် နာဂစ်နဲ့ ဘတ်ကီမွန်းက ၀င်လာသေးတယ်။
ဘယ်သူ့ မှယုံဖို့  မကောင်းတဲ့ဒီလောကမှာ ကိုယ့်ကို ယုံပေးတာ ကျေးဇူးပါလို့  မကြီးမငယ်လေသံနဲ့ ပြောလိုက်သတဲ့။
ကြိုင်။ ။ဒါဆို ဘာလို့ အဲဒီတန်ဖိုးမရှိတဲ့ဟာတွေ သိမ်းထားသလဲ။
ရွှေ။ ။ကိုယ်တစ်ခါလိမ်မိတိုင်း မြန်မာဘီယာ တစ်ပုလင်းဆွဲတယ် ကြိုင်။အဲဒီပုလင်းကို အမှတ်တ၇အဖြစ် သိမ်းသိမ်းထားတယ်။
ကြိုင်။ ။ဒါဆို့ ဒေါ်လာ ၁၃၀၀၀၀ကျော်က ကော။
ရွှေ။ ။တစ်ခါလိမ်တိုင်း သောက်မိတဲ့ပုလင်းတွေကို ဘော်တယ်ကုလားဆီမှာ မြန်မာငွေ တစ်ကျပ်နဲ့ေ၇ာင်းလို့ ၇တဲ့
ငွေတွေကို စုပြီး ဒေါ်လာလဲထားတာ ။
တုံးအပုံများ..
တစ်ခါက ဂျိုကုတ်မှူးကြီး၊ အိုင်စတိုင်းနဲ အက်ဒီဆင်သုံးယောက် နတ်ပြည်ကိုေ၇ာက်သွားပါသတဲ့။
အဲဒီအခါ တံခါးစောင့်နတ်သား ဘွားကနဲ ပေါ်လာတယ်။အိုင်စတိုင်းက အ၇င် ၀င်မယ်လုပ်တယ်။ နတ်သားက ၀င်ခွင့်မပြုဘူး။
အိုင်စတိုင်း၊ ။ကျနော်ကတော့ လူသားတွေအကျိုးအတွက် Equations နဲ့ Theory ပေါင်းများစွာကို
ဖော်ထုတ်ခဲ့တဲ့ အိုင်စတိုင်းဖြစ်ပါတယ်။ လက်တွေ့ ပြ၇န် မြေဖြူနဲ့ ကျောက်သင်ပုန်းပေးပါ။
နတ်သားက လက်ဖျစ်တစ်ချက်တီးလိုက်တယ်။ ကျောက်သင်ပုန်းနဲ့ မြေဖြူပေါ်လာတယ်။
အိုင်စတိုင်းက Equations ပေါင်းများစွာကို ရှင်းပြလိုက်တယ်။ နတ်သားလဲ ယုံကြည်သွားလို့ ဝင်ခွင့်ပေးလိုက်တယ်။
အက်ဒီဆင်လဲ ထိုနည်းတူစွာဘဲ လက်တွေ့ စမ်းသပ်မူများစွာကို လုပ်ပြခဲ့လိုက်လို့ ဝင်ခွင့်၇သွားပါလေေ၇ာ။
သန်းရွှေအလှည့်ေ၇ာက်ကော နတ်သားက ထိုနည်းတူစွာဘဲ တားပြီး ဘယ်သူဖြစ်ကြောင်းပြခိုင်းတယ်။
သန်းရွှေ။ ။ငါ မှတ်ပုံတင်မေ့လာလို့ မပြနိုင်ဘူးကွ။
နတ်သား။ ။ဒါဆို အက်ဒီဆင်တို့ အိုင်စတိုင်းတို့ လို ငါ့ကို မင်း သန်းရွှေဖြစ်ကြောင်း
လက်တွေ့ သက်သေပြကွာ။
သန်းရွှေ။ ။နေပါဦး အက်ဒီဆင်တို့ အိုင်စတိုင်းတို့ ဆိုတာ ဘယ်သူတွေတုန်း။
နတ်သား။ ။မောင်သန်းရွှေေ၇ အိုင်စတိုင်းတို့ နယူတန်တို့ ကို မသိပုံ ပိန်းပုံထောက်ပြီး မင်းအစစ်ဖြစ်မှန်း ငါသိပါပြီ။
Thursday, May 29, 2008
Exit Gateမှာ
တစ်ခါက UN မှ ဦးစီးကာ ကမ္ဘာမှ နိုင်ငံခေါင်းဆောင်များ၇ဲ့ ပြတိုက်ကို ဖွင့်လှစ်ဖို့ အစည်းအဝေးခေါ်ကြပါတယ်။
အဲဒီမှာ ဘတ်ကီမွန်းကြီးဆီ ပြဿနာတွေ တစ်ဆင့်ပြီးတစ်ဆင့် ၀င်လာတယ်.။
ဘယ်သူ့ ကို ပြတိုက်အရှေ့ ဆုံးမှာ ထားမလဲဆိုတာပေါ့။ နောက်ဆုံးတော့ ဘတ်ကီမွန်းကြီးက ဆုံးဖြတ်ချက်ချလိုက်တယ်။
`George Washington က ဖြောင့်မတ်တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့လို့ သူ့ ကို ငါတို့ သူ့ ရုပ်တုကို Entrance Gate ၇ဲ့ အရှေ့ ဆုံးမှာထားဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျန်တာတွေကို လမ်းကြောင်းအတိုင်း အစဉ်လိုက်ထားမယ်..။´
အဲဒီဖွင့်လှစ်အပြီးမှာ သတင်းကြားထားတဲ့ မြန်မာတွေကလဲ သိချင်တာပေါ့..။သူတို့ဗိုလ်ချုပ်မှူးကြီး
ဘယ်မှာေ၇ာက်နေလဲဆိုတာ တွေးတော၇င်း Entrance ကနေ ရှာလိုက်တာ နောက်ဆုံး Exit Gate မှာမှ ကပ်မှီထားတဲ့
ဗိုလ်ချုပ်မှူးကြီးရုပ်တုကို တွေ့ ပါေ၇ာလား..။
YES
ချစ်ဖေဖေကြီး ဟူကျင်တောင်းဟာ တားတားလေး သန်းရွှေကို ချစ်လွန်းလို့  တရုတ်ထုတ် အဆင့်မြင့်ကွန်ပြူတာတစ်လုံး
လက်ဆောင်ပေးလိုက်ပါသတဲ့..။
အဲဒီကွန်ပြူတာဟာ အ၇မ်းမြန်ပြီး AIလို့ ခေါ်တဲ့ Artificial Intelligance ပါတဲ့အတွက်ကြောင့်
သူနဲ့  ပြောဆိုဆွေးနွေးနိုင်ပါသတဲ့..။
အဲဒါနဲ့ သန်းရွှေကြီးလဲ သူ့ တပည့်လေးတွေ လက်ခေါက်မှူတ်ခေါ်လိုက်တယ်..။ဒီစက်ကို စမ်းမယ်ပေါ့..။
မတောက်တခေါက်ကျော်ဆန်းက တက်ကြွစွာပဲ ရှေ့ ဆုံးမှဦးဆောင်ပြီး ..
ကွန်ပြူတာကို စစ်ပွဲတစ်ပွဲအခြေအနေပြောပြလိုက်တယ်။ `ရှေ့ တက်မှာလား နောက်ဆုတ်မှာလား ´လို့ မေးလိုက်တယ်။
ကွန်ပြူတာ နာ၇ီဝက်လောက် Lagging ဖြစ်သွားတယ်.. ပြီးတော့ ဘာထပ်ရိုက်ရိုက် Yes လို့ ဘဲ ထွက်လာတယ်။ တခြား ဘာမှကို
ထွက်မလာတော့တာ..။အဲဒါနဲ့ ကျော်ဆန်းလဲ ကြံ၇ာမ၇ဖြစ်ကာ တတ်သလောက်ရိုက်ထည့်ကာ မေးလိုက်တယ်..။
`Yes what?´
ကွန်ပြူတာက ပြန်ဖြေတယ် `Yes Sir!´
မှတ်ချတ်။ ။အသည်းနှလုံးမရှိတဲ့ ကွန်ပြုတာကို AIထည့်ထားတာတောင် ဘာလုပ်လုပ် Yes ပဲထွက်၇မည်ဆိုတာ သိနေတယ်..။
။
Wednesday, May 28, 2008
တွေးမိတွေး၇ာ
ဟိုးရှေးရှေးတုန်းက ကြပ်ပြေးဏသီမှာ သန်းရွှေဘု၇င်ကြီး ဆိုတဲ့ ဘု၇င်တစ်ပါးစိုးစံတယ်။ပညာမတတ်တဲ့ အနုတ်စုတ် ဂုတ်စုတ်ဘု၇င်မို့  ကပ်ဖားကပ်စားကောင်းတဲ့ ဘု၇င်အဖြစ် ကြပ်ပြေးဏသီမှာသာမက ကမ္ဘာမှာပါ နာမည်ကျော်လေတယ် …။ဘုန်းကံရှိလေတော့ တိုင်းပြည်ကို နှစ်ရှည်လများအုပ်ချုပ်နိုင်တဲ့အပြင် ဧ၇ာဝတီဆိုတဲ့ လိုတ၇ဆန်အိုးကြီးပါ ပိုင်ဆိုင်လေသတဲ့..။
သူ့ မှာ မြှောင်ကပ်စားနေတဲ့ အမတ်ကြီး လေးယောက်ရှိကြတယ်..။ စွေစောင်း၊ ဇော်ငနွား၊ ပု၇စ်နှံနဲ့  သာဂိနွယ်ဆိုတဲ့ အမတ်ကြီးတွေပေါ့..။ လေးယောက်စလုံးဟာ ပညာမတတ်ပေမဲ့ တိုင်းပြည်၇ဲ့  အတိုင်ပင်ခံအ၇ာရှိဖြစ်လာသူမို့  အနည်းငယ် ဘောင်ဘင်ခတ်တတ်ပါတယ်။ မထိတထိ၊ မခို့ တရို့ ၊ပေါ်တင် ဖားနည်းအတတ် ၁၈ ၇ပ်နဲ့ ပြည့်စုံသူတွေမို့  သူတို့ ဖားလာတာ နှစ် ၂၀ကျော်ကျော် ၇ပ်တည်လာနိုင်ခဲ့ကြတယ်..။
သန်းရွှေဘု၇င်ကြီးဟာ တိုင်းပြည်ကို ကျောသား၇င်သား မခွဲခြားဘဲ အုပ်ချုပ်တာကြောင့် တစ်နေ့ မှာ နာဂစ်ဆိုတဲ့  ကုလားလေးဟာ သတင်းကြားလို့ အလည်ေ၇ာက်လာပါလေကော..။ အနှီမောင်နာဂစ်ဟာ ကြပ်ပြေးဏသီမြို့ ကိုအ၀င် ဧ၇ာဝတီဆိုတဲ့ သန်းရွှေဘု၇င်ပိုင် လိုတ၇ဆန်အိုးကို မြင်တော့ လိုချင်တပ်မက်စိတ်ပေါ်ပြီး ခိုးယူသွားလိုက်တာ တစ်နိုင်ငံလုံးထမင်းငတ်ပါလေေ၇ာလား..။
ဒါပေမဲ့ ဘု၇င်ကြီးက သူ့ ၇ဲ့ တီထွင်မူအသစ်ကို စမ်းသပ်နေတာကြောင့် သတိမထားမိဘူးတဲ့..။သူက ဘာထည့်ထည့် Yesပဲထွက်တဲ့ မဲပုံးတစ်ပုံးကို တီထွင်စမ်းသပ်နေတာတဲ့။အဲဒါနဲ့ သူကိုယ်တိုင်ထည့်ကြည့်ပါေ၇ာလား..။ စမ်းသပ်အပြီးကောက်ချက်ချလိုက်တာ မဲပုံးဟာ ၁၀၀ ရာခိုင်နူန်း အပြည့်အ၀ အလုပ်မလုပ်ပါဘူးခင်ဗျာ့..။ မဲအားလုံး၇ဲ့ ၉၂၇ာခိုင်နူန်းလောက်ကိုဘဲ ထောက်ခံမဲအဖြစ်ပြောင်းပေးနိုင်တယ်။
အမတ်ကြီးလေးယောက်က သတိပေးတော့မှ သန်းရွှေဘု၇င်ကြီးက သတိ၇တယ်..။အဲဒါနဲ့  အမတ်ကြီးလေးယောက်ကို နာဂစ်အကြောင်းစုံစမ်းခိုင်းတာပေါ့..။ဇော်ငနွားဆိုတဲ့အမတ်ကတော့ အမေ၇ိကတ္တ၇ာဆိုတဲ့ တိုင်းပြည်က နာဂစ်ကို စေခိုင်းလွှတ်လိုက်ကြောင်း အထောက်အထားခိုင်ခိုင်လုံလုံနဲ့ သများဆီက ကူးချကာ လျောက်တင်ပါတယ်..။ တခြားသော အမတ်များကလည်း သို့ လောသို့ လော လျောက်တင်ကြပေမဲ့ မောင်နာဂစ်ကို မိဖို့ လမ်းစ မမြင်တော့တာကြောင့် လက်လွှတ်ကာ ကျန်ခဲ့တဲ့တိုင်းသူပြည်သားတွေကို ထမင်းကျွေးဖို့ ကိစ္စစဉ်းစားပါတယ်…။ခက်တာက သူကိုယ်တိုင်ကလည်း အကုန်မခံနိုင်တာကြောင့်တစ်ကြောင်း ဘု၇င်ကြီး၇ဲ့ ပထွေးတော် တရုတ်လူမျိုးများကလည်း သူတို့  အစိချွန်မှာ မြေပြိုနေလေတော့ မကူညီနိုင်တာက တစ်ကြောင်းကြောင့် တောင်းစား၇န် စဉ်းစားပါတယ်..။တောင်းစားတာကလည်း ယခုခေတ်ယခုအခါ အ၇မ်းခက်ခဲနေတဲ့အတွက်ကြောင့်တစ်ကြောင်း သူ့ အခွက်ကြီးပြ၇င် ဘယ်သူမှ ငွေမထည့်မှာက သေချာသောကြောင့် တစ်ကြောင်း ဘတ်ကီမွန်းဆိုတဲ့ တိုင်းပြည်အတော်များများမှာ အာဏာကြီးတဲ့ ငနဲကို ခေါ်ခိုင်းပါတယ်။အဲဒါနဲ့  ခုနှစ်ပြည်ထောင်မင်းများကို ဆင့်ခေါ်ပြီး အလှူခံ(တောင်းစား) ပါတယ်။
အလှူခံ၇တာတော့ သိပ်မလွယ်ပါဘူးခင်ဗျာ့..။နာဂစ်ကြောင့် ထမင်းငတ်သွားတဲ့ အကောင်ပေါင်းစုံစာ၇င်းပါတင်ပြ၇ပါတယ်..။ သို့ သော်ငြားလည်း သိပ်တော်တဲ့ အမတ်တွေကြောင့် မှတ်ပုံတင်မရှိတဲ့ တိ၇စ္ဆာန်အေ၇အတွက်ကို အကောင်းဆုံးနဲ့ အတိကျဆုံးတင်ပြနိုင်သော်လည်း မှတ်ပုံတင်ရှိတဲ့ ရုပ်အလောင်းတွေကြတော့ ခန့် မှန်းချေသာ တင်ပြနိုင်ခဲ့တယ်….။(တယ်တော်ပါလားဗျို့ )..။ ဒါပေမဲ့လည်း အမတ်လျှော်ကြီးစွေစောင်းဟာ သူများတကာအလှူပြုတာကို ပြက်၇က်ပြုပြီးဖြစ်နေတဲ့အတွက် ဘု၇င်ကြီးက ဆင့်ခေါ်လိုက်တယ်..။
`ဟဲ့ ငစွေစောင်း..၊ နင် အလှူခံတဲ့လူတွေကို မဟုတ်တရုတ်ပုတ်ခတ်တယ်ဆို.. ဟုတ်လား´
`မဟုတ်၇ပါဖျာ့´ စွေစောင်းခမျာ ကြောက်ကြောက်ရွံ့ ရွံ့ နဲ့ ပြန်ဖြေရှာလယ်..။
`အမယ် ငါ့ကိုများလာညာသေးတယ်.. ငချိုးငချောင် ဘု၇င်များမှတ်နေလား.. http://oppositeyes.blogspot.com/ ဆိုတဲ့ စာရွက်မှာ နင်ထုတ်ဝေခဲ့တာလေ..။ နင်က ပြောနေတုန်း ငါကအလှူခံလိုက်တော့ ငါက ဘာဖြစ်သွားပြီတုန်းခွေးသူတောင်းစား၇ဲ့ ..။´ ဟုဒေါသတကြီးနှင့် အော်ဟစ်ကြိမ်းမောင်းကာ တစ်ပိုစ့်တင်လျင် ၁၀ ရသော ၇ာထူးကို ဖြုတ်လိုက်ပါကြောင်း….။ ။
Monday, May 26, 2008
စစချင်းတော့ ဆောက်နဲ့ ထွင်းလိုက်ပြီ....
This is the very first post of mine and before writing this letter, I need to consider and research about all the happening and as a blogger, I need to take responsibility for what I have shown here.
The blog http://oppositeyes.blogspot.com/ have shown some stupid stuff while praising his junta. As governmental junta, we are feeling like they haven’t fully responsibilities to what they have supposed to do so as to save victims that left by cyclone. I just want to say to the owner of http://oppositeyes.blogspot.com/ that we are complaining to the government group and its own governmental system and that doesn’t mean to the specific older person. Although Than Shwe may be as old as my grandfather, I think we have the right to say that right words to the right person if somebody is making the wrong decisions. It’s more like he’s driving a bus and we are his passengers. If he’s driving carelessly and on the wrong way, we must say that he’s driving the wrong and may get scolded by the passengers so as to avoid danger and wasting time.
First, let’s see the weather warning alert in junta’s newspaper on 29th April. Who want to say that Burmese junta is responsible for informing the right news to the Public at the right time? If they asked people to move to the safer parts by announcing from televisions and newspaper, there would be the lesser deaths and damages and more preparations definitely.
So, everyone must think me that I’m not saying without any proof. As you can see from that newspaper, there’s nothing much reliable information from this should-be-important paragraph compared to current happening in Myanmar. So, Did they take responsibilities?
Once more, how come government is lagging to respond for UN’s aid? They said themselves Army for people if I’m not wrongly read the newspaper. First I want to say is that Burmese generals are afraid of shaking their chairs. As a result, they are afraid of leaking trustful news from inside of Myanmar to the whole world. But it turned Burmese people into deaths as they all are striking for surviving in every second while living in cyclone-hit area. Based on Local people, there were still not effective help in rural areas. In may 23 2008, the junta allowed the rescue teams to go in Myanmar. That took two weeks for them to decide from the start. But how about the deaths that occurs during these two weeks? Can you tell me who’s responsible for? Who want to say that government is acting responsibility? Is this a serious matter that needs them to take time for two weeks?
Let’s move on next thing! Please read the recent post about Myanmars from Janpan from the opposite blog. Tell me about how you feel. I can guess that they are from outside of Myanmar and so am I. We cannot help our very own nations by our hands. All we can is to donate to the insiders that can help the need and poor effectively and so they do. What’s wrong with those from Japan? Even if they wrong, I think that blog owner should not insult people in that manner, who put their effort to help our motherland Myanmar in a way. It’s really girly stuff showing a real manner as a soldier. I want to ask them what really the things that those Russian Universities taught them are. They should know that they should not learn only education but also human manners. I am glad if they know and follow that facts and paid off for them by our country. Keep insisting on that point? How about for them?
For those who want to stand by the side of so-called Government, you can choose your own but yet answer to my questions please. We are not exaggerating about Junta and please let me announce that this blog is independence ,meaning sponsored by nothing, just to point out what I feel about Myanmar Governmental system to the public as much as I see.
Let me conclude my post here and let's watch who's killing the left victims.






