Friday, June 13, 2008

ကျနော်တို့ ရွာ

တစ်ခါက ရွာကြီးတစ်ရွာရှိသတဲ့။ အဲဒီရွာကို ရွှေရွာလို့ တခြားခြားသောရွှာတွေက ခေါ်ကြသတဲ့။

လေယာဉ်ကြီးတွေပေါ်ကနေကြည့်လိုက်၇င်ေ၇ာင်ဝါထွန်းလင်းနေတဲ့ စေတီပုထိုးတွေကို မြင်၇လို့ပါတဲ့။

ဒါပေမဲ့ ရွာမှာတော့ လူမျိုးအတန်းအစား ကို အ၀တ်အေ၇ာင်နဲ့ ခွဲခြားထားပါသတဲ့။

သူကြီးဖြစ်သူနဲ့ သူ၇ဲ့ အစေအပါးတွေက အစိမ်းေ၇ာင်ဝတ်ဆင်ကြပါသတဲ့။ ရွာသူရွာသားတွေကတော့

အဖြူေ၇ာင်ဝတ်ဆင်ကြသတဲ့။ အဖြူအစိမ်းဝတ်တဲ့သူတွေကြတော့ သူကြီးနဲ့ လည်း ပနံသင့်တဲ့

လူထုဒါမှမဟုတ် သူကြီး၇ဲ့ လက်ကိုင်တုတ်လို့ ခေါ်ပါသတဲ့။ သူတို့ ကတော့ သူကြီး၇ဲ့ ဝမ်းမနာသားတွေလို့ 

ဆိုလို့ လဲ ၇ပါတယ်။တချို့ ရွာတွေက လူထုပြပါဆို၇င် အဲဒီအဖြူအစိမ်းဝတ်တွေဘဲ သူကြီးက

ပြလေ့ရှိပါတယ်။နောက်တစ်ဖွဲ့ ကတော့ အ၀ါဝတ်တွေပေါ့။သူတို့ က များသောအားဖြင့် အစိမ်းဝတ်တွေ၇ဲ့ 

မယားတွေ အမြောင်တွေ တိတ်တိတ်ပုန်းတွေပေါ့လေ။ သူတို့ လဲ တစ်ခါတစ်လေ သူတို့ လဲ

ပြည်သူလူထုအယောင်ဆောင်တတ်ပါသတဲ့။သူကြီးက ဗုဒ္ဓဘာသာပင်ဖြစ်သော်လည်း

ရွာဦးဘုန်းဘုန်းကိုတော့ သူမကြောက်ဘူးတဲ့။ ဘာလို့ လဲဆိုတော့ သူ့ ကိုအာခံတဲ့ဘုန်းဘုန်းဆို၇င်

ဘာဘာညာညာလုပ်မနေဘူး သူကြီးအကြည်ညိုပျက်အောင်လုပ်လို့ ဆိုပြီး မောင်းနင်းကာ ကြေငြာပြီး

ထိပ်တုံးခပ်သတဲ့။ဘုန်းဘုန်းကိစ္စပြီးအောင် သူ့ စကားနားထောင်တဲ့ဘုန်းဘုန်းပဲ

ရွာဦးကျောင်းထိုင်ခန့် ထားလိုက်တယ်။ ဒီလိုနဲ့ သာသနာေ၇းကိစ္စတွေ အစိမ်းဝတ်အောက်မှာ

ပြီးပါလေေ၇ာလား။ဒါတောင် အစိမ်းဝတ်ပေါက်စလေးတွေက သူတို့ အစိမ်းဝတ်ဘဘကြီးတွေစိတ်ဝင်ပြီး

တစ်ခါတစ်လေ ဘုန်းဘုန်းတွေကို ဆ၇ာလုပ်တတ်သေးပါသတဲ့။

သူကြီးတို့ အဖွဲ့ က နေ့ မအားညမအား ရွာတာဝန်တွေ ထမ်းဆောင်တတ်ကြောင်း

ဟန်ဆောင်တတ်ကြသတဲ့။ ဒီလိုထမ်းဆောင်ကြောင်းကို မောင်းနင်ခတ်ပြီး

ကြေငြာလေ့ရှိသတဲ့။ဘု၇ားသွားကျောင်းတက်တာက သူကြီးတို့ အတွက် သတင်းထူးဖြစ်ပြီး

ရွာကို ၀င်တိုက်ဖို့ ဓါးပြအဖွဲ့ ကြံတယ်ဆိုတာလောက်ကတော့ သိပ်အေ၇းမကြီးပါဘူးတဲ့။

ရွာဆော်ဖို့ မောင်းကိုတော့ သူကြီးပဲ အပိုင်စီးထားပြီး သူ့ အကြောင်းအမှန်ပြောဖို့  မောင်းတီးလျှင်

ရွာပျက်ပြား၇န် သွေးထိုးလှူံ့ ဆော်တယ်ဆိုပြီး ထိပ်တုံးခတ်တတ်သတဲ့။

သူကြီးက နည်းနည်းတော့ အယူသည်းတတ်ပါသတဲ့။သူမောင်းခတ်၇င် `၇ည်မှန်းချက်မပြည့်မှီခြင်းတို့ 

ငွေဖောင်းပွသဖြင့် ငွေလဲလှယ်မူနူန်း ကျဆင်းလာခြင်းတို့ စီးပွားေ၇းကျဆင်းလာခြင်း´တို့ 

မကြား၇တတ်ပါဘူးတဲ့။ သို့ ပါသော်လည်း ရွာအခြေအနေဆိုးလာတာကိုတော့ အစိမ်းဝတ်များ

ငြင်းမ၇သကိုး။ ဒါပေမဲ့လည်း သူတို့ မှာ ဖြေသိမ့်စ၇ာရှိသတဲ့။စင်္ကာပူ၇ာဆိုတဲ့ ရွာသိမ်ရွာငယ်တောင်

အာရှကျားဖြစ်လာဖို့ နှစ် ၄၀အရှိန်ယူ၇တယ်တဲ့ ကျုပ်တို့ ရွှေရွာလို ရွာကြီးဟာ အများကြီး အချိန်ယူ၇မှာ

မဆန်းပါဘူးလို့  အစိမ်းဝတ်ပေါက်စများ ပြောလေ့ရှိကာ ဖြေသိမ့်ကြသတဲ့။

တစ်နေ့ မှာ နာဂစ်ဆိုတဲ့ သူပုန်တွေက ရွာကို ၀င်စီးသတဲ့။ အင်အားမကောင်းတော့ ရွာအောက်ပိုင်းက

လယ်ခင်းတွေပဲ ပါသပေါ့။ သို့ ပေမဲ့ နာဂစ်ဖျက်ဆီးသွားတဲ့ လယ်ခင်းတွေမှာ ရွာက

လက်လုပ်လက်စားဦးကြီးတွေ ထမင်းစားဖို့ စပါးစိုက်လို့မ၇တော့ဘူးတဲ့။ဒါကို အနီးအနားက ရွာတွေက

သိတော့ လာေ၇ာက် အလှူပေး လုပ်အားပေးကြသတဲ့။ ဒါပေမဲ့ သူကြီးခမျာ သူ၇ပေါက်မမြင်တော့

လာေ၇ာက်လုပ်အားပေးတည့်သူတွေကို ရွာဝင်ခွင့်မပေးပါဘူးတဲ့။ အဲဒါနဲ့  သူကြီးက ရွာနီးချုပ်စပ်ကို

လှည့်လည်အလှူခံပါသတဲ့။ ၇သမျှကို သူဘုန်းမယ်ကြံသပေါ့။ဒါကို မသိတည့်ရွာများကတော့

လှူလိုက်ပါသတဲ့။ ငွေအဿပြာ ၁၁သန်းလောက် အလှူ၇လိုက်တော့ သူကြီးနဲ့ အပေါင်းအပါတွေလည်း

ပျော်သွားတာပေါ့။အဲဒါနဲ့ သူကြီးလည်းတွေးမိတယ်။`နာဂစ်၇ယ် နင် ၃ခါလောက် လာတိုက်၇င် ငါတို့တော့ ချမ်းသာပြီ´

ဟူသတဲ့။မှတ်သားလောက်ပါပေတယ်။

No comments: