တစ်နေ့ အတန်းထဲမှာ ဆ၇ာက ကျောင်းသားတွေကိုမေးသတဲ့။ မိဘတွေက
ဘာအသက်မွေးဝမ်းကျောင်းအတွက် ဘာတွေလုပ်သလဲပေါ့။ကျောင်းသားတွေက ဖြေကြတာပေါ့၊
တချို့ က မီးသတ်သမား၊ တချို့ ကကုန်သည် စသဖြင့်ပေါ့။အဲဒီလိုနဲ့ နောက်ဆုံး
ဝတ်ကောင်းစားလှဝတ်ပြီး ပါဂျဲရိုနဲ့ ကျောင်းတတ်လေ့ရှိတဲ့ ကလေးလေးအလှည့်
ေ၇ာက်လာသတဲ့။ဆ၇ာကမေးတာပေါ့…….။
ကလေး။ ။ကျနော့်ဖေဖေက အခြောက်ပါ။ တစ်ခါတစ်လေ ပန်းဆိုးတန်းမှာ မိန်းမလို ၀တ်ပြီး
ရှောက်သီးဆေးပြားေ၇ာင်းပါတယ်။ ညဖက်ခေါ်တဲ့သူရှိ၇င်လည်း လိုက်ပါတယ်။
ဆ၇ာက ကြားလိုက်တော့ တော်တော် အံသြသွားတယ်။အဲဒါနဲ့ အတန်းဆင်းတော့ ဆ၇ာကမေးတာပေါ့။
ဆ၇ာ။ ။ သား၇ယ် ၊ သားအဖေက အဲဒီလိုလုပ်တာ တကယ်ကောဟုတ်၇ဲ့ လား။မရှက်ဘူးလားသား၇ဲ့ ။
ကလေး။ ။သားဖေဖေက နအဖ၇ဲ့ ဝန်ကြီးဆိုတာ ကလေးချင်းပြော၇မှာ ပြော၇မှာ ပိုပြီးရှက်လို့ ပါဆ၇ာ။
PS:အပြင်မှာ မော်ကြွားနေသော သူခိုးအဖေတော်ထားတဲ့ သူများကို၇ည်စူးကာဖြင့်.................
Thursday, July 10, 2008
ဖခင်၏ ဂုဏ်ကိုအတတ်နိုင်ဆုံး မြှင့်တင်သော ကလေးငယ်
Wednesday, July 9, 2008
သောက်တလွဲမောင်
သန်းရွှေကြီးလဲ ကြက်ပြေးကိုပြောင်းကထဲက နေမထိထိုင်မသာ၊ နာဂစ်ကလဲတိုက် ဘုန်းဘုန်းတွေကိုလဲကြောက်ရ။
လွန်ခဲ့တဲ့ မနီးမဝေးမှာပဲ သူ့ရဲ့ လက်ကိုင်တုတ်ကြံဖွံ့ရုံးတစ်ရုံးကို ဗုံးခွဲခံခဲ့ရတော့ အကြောက်ကြီးကြောက်လို့ နေသတဲ့။
တစ်နေ့ သေပြည်တော်ကြက်ပြေးမှာ နေပူစာလှုံနေတုန်း မိုးပေါ်ကနေပြီး ဒုံးကျည်အခွံတစ်ခု ကျလာပါသတဲ့။
အဲသဟာနဲ့ ဒုံးကျည်ကြီးကို ခွဲကြည့်လိုက်တဲ့အခါ စာလိပ်ထဲမှာ Code စာလိုလိုဟာလေး တွေ့ လိုက်ရသတဲ့။
စာထဲမှာရေးထားတာကတော့ 370HSSV-0773H တဲ့။
အဲဒါနဲ့ သန်းရွှေလဲ ကြောက်လန့်ပြီး အဲဒီCodeကို
ဖော်ခိုင်းတာပေါ့ကွယ်။ ဘုန်းကြီးရိုက်ဖို့ လောက်သာသာသာ အသုံးကျပြီး ကူညီပါရစေဆိုတဲ့ စာတန်းကိုအော်နေတဲ့
ပြည်သူ့ ရဲတွေဟာလည်း သူတို့ ဖေဖေရဲ့ ဒုက္ခကို ကူညီဖို့ ဥာဏ်မရှိလေတော့မတတ်နိုင်ကြသတဲ့။ အဲသဟာနဲ့ သန်းရွှေလဲ
သူ့ ဖေဖေရုရှားတွေဆီပြေးသတဲ့။ ဒါဘာကြီးလဲပေါ့လေ။ အဲဒါနဲ့ နောက်တစ်နေ့
့ရုရှားKGB(Komityet Gosudarstvennoy Bezopasnosti) က ပြန်စာရသတဲ့။
`နင်တို့ သောက်ထုံဗိုလ်ချုပ်တွေကို ပြောလိုက်ပါ။ စာကို ဇောက်ထိုးမဖတ်နဲ့ ´တဲ့။
Tuesday, July 1, 2008
တန်းစီပါ။
ဂျိုကုတ်ကြီးသည် မောင်စွေစောင်းအား ဘလောခ့်ပေါ်တွင် လျောက်ကာ အရှူပ်ထုပ်လုပ်ကာ
မဖြေရှင်းနိုင်ဘဲ သိက္ခာကျသဖြင့် ဆူပူလေသည်။
ဂျိုကုတ်ကြီး။ ။မင်းဆိုတဲ့ကောင်က ငါသေ၇င်တောင် ငါ့အုတ်ဂူလာပြီး တံတွေးထွေးမယ့်ကောင်။
စွေစောင်း။ ။ဗိုလ်ချုပ်ကြီးခင်ဗျား၊ စစ်တပ်မှာ ဘာလုပ်လုပ် တန်းစီ၇တာ များနေပါဘီ။ အဲဒီအချိန်ဆို
ဘယ်လောက်တန်းစီ၇မလဲ မသိဘူး။
Monday, June 30, 2008
ဟိုမို
မောင်အာယူတို့ ရုရှားကိုေ၇ာက်ခါစကပေါ့လေ။
ကျောင်းအဆောင်မှူးက အဆောင်မှာ အခန်းလွတ်မရှိတော့သဖြင့် ကျောင်းသားအသစ်တစ်ယောက်ရှိ၇ာ
နှစ်ယောက်အိပ်အခန်းကို ပြောင်းနေ၇န်ပြောလေသည်။မောင်အာယူက သဘောတူသည်။သို့ သော်
အဆောင်မှူးက ကြိုပြောထားသည်။
`တစ်ခုတော့ပြောမယ် မောင်အာယူ၊ မင်းနဲ့ အိပ်မဲ့သူက အ၇မ်းဟောက်တတ်တယ်´
`ကိစ္စမရှိပါဘူး´ မောင်အာယူက ဆိတ်ဗိုလ်ပေါက်စလေသံနဲ့ ပြောလေသည်။
နောက်နေ့ မနက် မောင်အာယူမနက်စာ ဆင်းစားလေသည်။ အေးအေးဆေးဆေး
ကြည်ကြည်လင်လင်ပင်။
အဆောင်မူးကလည်း သိချင်သဖြင့် မောင်အာယူအားမေး၇လေသည်။
အဆောင်မှူး။ ။မနေ့ က ဘယ်လိုလဲ၊ အိပ်လို့ စားလို့ ပျော်၇ဲ့ လား။
အာယူ ။ ။ဒါပေါ့။
အဆောင်မှူး ။။ ဟိုကျောင်းသားဟောက်လို့ အိပ်လို့ မ၇တာ မရှိဘူးလား။
အာယူ ။ ။ မရှိပါဘူး။ ၀င်ဝင်ချင်း ဟိုကောင် အိပ်နေတာတွေ့ တော့ ခပ်တည်တည် စောင်ဖယ်ပြီး
နမ်းလိုက်တယ်။ `ငါတော့ အသစ်လေး၇ပြီ´ လို့  ခပ်တိုးတိုးလဲ ပြောလိုက်ကော ဟိုငနဲ အိပ်တောင်
မအိပ်နိုင်ရှာဘူး။တစ်ညလုံးကြောက်ကြောက်လန့်လန့် နဲ့ ကျနော့်ကို ထိုင်ကြည့်နေ၇တယ်။
ကလေးထိန်းနည်း
တစ်ခါက ကျော်ဆန်းကြီး နေပြည်တော်မှအပြန် အဲပုဂံလေယာဉ်ပေါ်တွင် လိုက်ပါလာလေသည်။
နေပြည်တော်-၇န်ကုန်ဆိုသော်လည်း ပြည်တွင်းလေကြောင်းဖြစ်သောကြောင့်
ဘတ်ဂျက်မကိုက်သဖြင့် တစ်ပြည်လုံး လှည့်ပတ်ပျံ၇လေ၇ာ လေယာဉ်တွင် လူတော်တော်များများ
ပါလာလေသည်။ထိုအထဲတွင် ၈နှစ်အရွယ်ကောင်လေးတစ်ယောက်နှင့်
သူ့ အမေလည်းပါသည်။ထိုအခိုက် ကလေးက ဘာဖြစ်သည်မသိ။ တွေ့ သမျှခုံများ လူများကို
လိုက်လံ ကန်ကျောက် ဆွဲစုတ်ကာအော်ဟစ်ငိုယိုလေသည်။ ကျော်ဆန်းကြီး
လေယာဉ်မယ်လေးများဖြင့် ဇိမ်ယူနေ၇ာမှ သည်းမခံနိုင်သဖြင့်
ကလေးရှိ၇ာသို့ ထလာလေသည်။ကလေးကို ပခုံးမှ ခပ်ကြပ်ကြပ်ကိုင်ကာ စကားတစ်ခွန်းပြောလိုက်သည်။
ကလေးသည် အံ့သြလောက်အောင်ပင် ချက်ချင်းပင်ငြိမ်ကျသွားကာ
မိမိထိုင်ခုံသို့ နေ၇ာတကျသွားထိုင်လေသည်။
အနီးအနားရှိ လေယာဉ်မယ်မှာ သိလိုလှသောကြောင့် မအောင့်နိုင်ဘဲမေးလိုက်လေသည်။
လေယာဉ်မယ်။ ။အန်ကယ်ကြီး၊ ကလေးကို တခွန်းထဲနှင့်ဘယ်လိုငြိမ်အောင် လုပ်ခဲ့တာလဲဟင်။
မီးတို့ နောက်ဆို နည်းသိ၇အောင်ပြောပြပါလားဟင်။
ဂွတိုသည် ညုတုတုအသံကို သဘောကျလှသည် ဖြစ်၇ကား
ကျော်ဆန်း။ ။မခက်ပါဘူးမီး၇ယ်၊ ဦး၇ဲ့ ယူနီဖောင်းပခုံးပေါ်က အပွင့်တွေ အခက်တွေပြပြီး
` ဒါမင်းတို့ ကိုးကွယ်နေတဲ့ ဘုန်းကြီးတွေတောင် သတ်ပြီး၇ခဲ့တာ မင်းတို့ ကို ကောင်လေးကို
လေယာဉ်ပေါ်က ကန်ချဖို့ ဝန်မလေးဘူး´ လို့ တခွန်းပဲပြောလိုက်တာပါ။
Tuesday, June 24, 2008
နောက်စ၇ာလား
ရုရှားကပြန်ဖို့ အလုပ် မောင်အာယူကို မြန်မာသံရုံးကခေါ်တွေ့ သတဲ့။
သူ့ ၇ဲ့ မတောက်တစ်ခေါက်မြန်မာစာဖြင့် ပြောင်မြောက်တဲ့ ဖားချက်တွေကြောင့်
နအဖတို့ တွင် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သဖြင့် အလုပ်တစ်နေ၇ာပေး၇န် ခေါ်တွေ့ ပါသတဲ့။
မောင်အာယူ။ ။အနော်ကတော့ စစ်တပ်မှာ ထိပ်ကနေ၇ာ တစ်ခုခုရပြီး တစ်လကို မြန်မာငွေ
သိန်း၂၀ နဲ့ ကားပါမစ်၇ကာ အလုပ်သိပ်မလုပ်၇တဲ့ နေ၇ာမှာ လုပ်ချင်ပါတယ်။
မြန်မာသံအမတ် မျက်မှောင်ကျုတ်သွားတယ်။
သံအမတ်။ ။ကောင်းပြီ၊ အမောင်အာယူကို ဗိုလ်မှူးအဆင့်အဖြစ်ပေးပြီး တနင်္လာ၊အင်္ဂါသာ အလုပ်လုပ်၇မယ်။
တစ်လ ဒေါ်လာ၂၀၀၀နဲ့ ညီမျှတဲ့ မြန်မာငွေ၇ပြီး ကြိုက်တဲ့တပ်မကို ရွေးနိုင်ပြီး ကြိုက်သလောက်နေနိုင်တယ်။
မောင်အာယူ။ ။တကယ်ကြီးလားဗျာ။ နောက်နေတာမဟုတ်ပါဘူးနော်။
သံအမတ်။ ။ဒါတော့ မင်းကစပြီး လာနောက်တာကိုး။
Monday, June 23, 2008
အပျင်းဆုံး
တပ်မ ၆၆မှာ ဗိုလ်ချုပ်ကြီးတစ်ယောက်ဟာ ရုရှားကပြန်ေ၇ာက်လာတဲ့ စစ်သားတွေကိုဘာမှမလုပ်ဘဲ
အားအားရှိချက်တင်ဘဲတက်နေကာ အပျင်းထူလို့ ဆူပါသတဲ့။
`မင်းတို့ လို ငပျင်းတွေအတွက် ငါတို့ မှာ အလုပ်ရှိတယ်။
ကိုယ့်ကိုကို ပျင်းတယ်လို့ ထင်တဲ့ကောင်တွေ လက်ထောင်စမ်း။´ လို့  ရွဲ့ တာပေါ့။
စွေစောင်းတို့ ဇ၇ပ်ကလူစုတွေ အလိုက်ကန်းဆိုးမသိ အကုန်ထောင်လိုက်ကြတာပေါ့။
လူအယောက် ၂၀လောက်မှာ ၁ ယောက်ကတော့ မထောင်ဘဲကျန်နေသတဲ့။ဗိုလ်ချုပ်ကြီးက မေးလိုက်တယ်။
`ဘာလို့ လက်မထောင်သလဲ´
စစ်သားကပြန်ဖြေတယ်။ `လက်ထောင်၇မှာကို ပျင်းလို့ ပါဆ၇ာ´
Saturday, June 7, 2008
ပျော်စေ၇န်
သန်းရွှေနဲ့ ကြိုင်ကြိုင်လေးတို့ ဟာ စင်္ကာပူမှ ရှော့ပင်ထွက်ပြီးအပြန်မှာ အဲပုဂံကြီး စီးပြီးပြန်လာသတဲ့။
သန်းရွှေက မြန်မာနိုင်ငံနယ်နိမိတ်ကိုလည်းဝင်ေ၇ာ သူ့ မှာ စိတ်ကောင်းတစ်ချက်ဝင်လာသတဲ့။
သန်းရွှေ။ ။ကြိုင်ေ၇၊ ငါတို့ မှာ ပိုတဲ့ဒေါ်လာတွေကို လေယာဉ်ပြတင်းပေါက်ကနေ ကြဲပေးလိုက်၇င် ကောင်းမယ်နော်၊
ဒါဆို ကောက်၇တဲ့လူတွေ တော်တော်ပျော်ရွှင်မှာ။
ကြိုင်ကြိုင်။ ။ရှင်ကိုယ်တိုင် ပြတင်းပေါက်ကခုန်ချလိုက်ပါလား။ တစ်နိုင်ငံလုံးပျော်မှာ။
Wednesday, June 4, 2008
PH7
မန္တလေးမှ ၇တနာပုံသောက်ေ၇သန့်စက်ရုံတွင်ေ၇သန့် ရှုင်းမှူကြည့်ရူစစ်ဆေးစဉ်က ဂျိုကုတ်မှူးကြီးလည်း လိုက်ပါလာခဲ့သည်။
စက်ရုံပိုင်ရှင်မှာ ဂျိုကုတ်ကြီးပါလာသဖြင့် ရှင်းပြ၇လေသည်။တစ်နေ၇ာတွင်..
စက်ရုံပိုင်ရှင်။ ။ကျနော်တို့ ဆီကေ၇သန့် ကို PH7 ၇အောင် ကြိုးစားပြီး ထုတ်လုပ်နေပါတယ်။
ထိုအခါ မတတ်သော်လည်း ငြိမ်မနေတတ်သော ဂျိုကုတ်ကြီးကား..။
`နောက်တစ်ခါထုတ်၇င် PH8 ကျော်အောင် ကြိုးစားထုတ်ကြ ကြားလား´ ဟု မိန့် မှာသွားခဲ့သတဲ့။
မှတ်ချက်။ ။မန္တလေးမှ ၇တနာပုံသောက်ေ၇သန့် ပင်၇င်းဆိုင်တွင် ဂျိုကုတ်ကြီးဟန်ပါပါပြောဆိုနေသော ဓါတ်ပုံများကို
အခုထိ မြင်တွေ့ နိုင်သေးကြောင်း။
Tuesday, June 3, 2008
ပြည်ပေ၇ာက်မြန်မာများအတွက် နည်းလမ်းကောင်း
1. Open a new file in your computer.
2. Name it "THAN SHWE"
3. Send it to the trash.
4. Empty the trash.
5. Your PC will ask you, "Do you really want to get rid of "THAN SHWE"? "
6. Firmly Click "Yes."
7. Feel better.
မှတ်ချက်။ ။မြန်မာပြည်တွင်းမှ မြန်မာများအတွက် နည်းလမ်းကောင်းတစ်ခုအား ဆက်လက်စဉ်းစားဆဲဖြစ်သည်..။
Thursday, May 29, 2008
ကျနော်တို့နိုင်ငံရဲ့ ခေါင်းဆောင်ကြီးများရဲ့ ထူးခြားမှု ၆ခု
၁..။ သာမန်အပူချိန်လောက်ရှိတဲ့ IQ ကြီးများတောင်ရှိပါတယ်။
၂..။Lens များ ချေးတက်နေလောက်သော camera တစ်လုံးရဲ့Photographic Memory ပိုင်ဆိုင်ပါတယ်။
၃..။အတ္တလန္တာမှ ဒီဇင်ဘာညနေခင်းလောက် ဥာဏ်ရည် Bright ဖြစ်မူရှိပါတယ်။
၎..။သူတို့ မှာ ဦးနှောက် နှစ်ခုရှိပြီး တစ်ခုက မွေးကတည်းကပျောက်သွားကာ ကျန်တစ်ခုက ထိုပျောက်သွားသော ဦးနှောက်ကို လိုက်ရှာနေတယ်။
၅..။မိနစ် ၆၀ကို ထိုင်ရေတွက်ရန် သူ့ တို့အတွက် တစ်နာရီခွဲလောက်ကြာတယ်..။
၆..။သူ့ တို့ရဲ့ အကြံဥာဏ် စုတ်ပြတ်တိုင်းသာ အသင်တစ်ပြားရမယ်ဆို ရက်ပိုင်းအတွင်းမှာ သင်မီလျံနာဖြစ်ပါပြီ။
ရှာဖွေတွေ့ရှိသူ,
လူမော်
လေယာဉ်ပစ်ဒုံး
တစ်ခါက ထိုင်းမြန်မာစစ်ဖြစ်ပြီးအချိန်ဖြစ်သည်..။ထိုတိုက်ပွဲတွင် မြန်မာလေယာဉ်ပျံ ၁၀စင်းကျော် ကျရုံးကာ
ထိုင်းဘက်မှ တစ်စင်းတစ်လေမျှ မကျရူံးပေ..။
အဲဒါဖြင့် ကာကွယ်ေ၇းဦးစီးချုပ်ကြီးသည် ဖခမည်းတော်ရုရှားများထံသွားကာ လက်နက်ဝယ်၇န်
မော်စကိုသို့ေ၇ာက်သွားလေသည်..။ ဆိုဗီယက်ကာကွယ်ေ၇းဦးစီးချုပ်လည်း
သတင်းကြားထားပြီဖြစ်သောအတွက် အားတုံ့ အားနာဖြစ်နေလေသည်..။
အဲဒါနှင့် ရှက်ရှက်ဖြစ်ကာ လောက၀တ်ပြုလိုက်သည်..။
ဆိုဗီယက်။ ။ဘယ်လိုလဲဂျိုဂုတ်မှူးကြီး၇ဲ့  ကျုပ်တို့ လုပ်ပေးလိုက်တဲ့
ဝေဟင်ပစ်ဒုံးတွေ..။ထပ်ယူဦးမှာလား။
ဂျိုကုတ်မှူးကြီး။ ။အာ.. ကျနော့်ကို လေယာဉ်ပစ်ဒုံးဘဲပေးပါဗျာ..။ဝေဟင်ပစ်ဒုံးဆိုတဲ့အတိုင်း
ကျနော့်ကောင်တွေပစ်တာ ဝေဟင်ချည်းပဲထိတယ်.. လေယာဉ်ကိုမထိလို့ ယပက်လက်တွေ တစ်စင်းမှ
မကျဘူးဗျာ..။ ဒီကောင်တွေက မီးရှူးမီးပန်းလွှတ်တယ်ပဲ ထင်နေကြတယ်နဲ့ တူတယ်..။





