Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, July 24, 2008

Is the world near end ?

Through the era,

Somewhere has natural disaster.

Earth faces human’s error.

The world is non-stop crying.


Walking down the countries,

Somebody has hungry.

Some people have angry.

Where’s people’s power?


Whose write the history?

Who’s fight for a victory?

Nowhere has security,

Why’s make me crazy?


Respect the human rights,

Compromise with each other,

No reconciliation, more confrontation,

Is the world near end?


ကိုအောင်ခိုင်မြင့်(ကနေဒါ)

Read More ..

Saturday, July 19, 2008

ကျေးဇူးဆပ်ချိန်

မုတ်သုန်နိုးသည့်

ဆယ့်ကိုးဇူလိုင် မမေ့နိုင်ချေ။

မခိုင်စိတ်ဝမ်း၊ မလန်း ဘ၀င်။

မရွှင်နှလုံး၊ ပူဆာနုန်းမိ။

ဗိုလ်ချုပ်အောင်ဆန်း ပြည်သူ့ ပန်းတို့ 

သွေးလွှမ်းလူးပေ၊ ခိုင်လုံးကြွေသည်

ဖြေဆည်မတံ့နိုင်တကား….။


သြော်… ရည်ဝေမျက်လုံး

နှလုံးဆွတ်ကျင်၊ လှိုက်မောရင်နှင့်….

မြော်မြင်တသ၊ ဦးနှိမ်ချယင်း၊

လှမ်းကြရှေ့ ဆီ၊ ဗိုလ်ချုပ်ရည်သည့်

ပြည်ရွာထွန်းသစ်၊ လုပ်သားခေတ်သို့ ..။


အနုပည စာပေဂီတ၊

ဥာဏလုပ်သား၊ ထိုအင်အားလည်း၊

လှုပ်ရှားပြည့်ထွက် လှမ်းပါလျက်တည့်။

လယ်ယာစက်ရုံ၊ အလုပ်ရုံတွင်၊

အားကုန်စိုက်ကြ။


ကာယလုပ်သား၊ ထိုအင်အားလည်း၊

တက်ကြွားပြည့်တွက် ၊ လှမ်းပါလျက်တည့်။

ပြည်နယ်ပြည်မ မခွဲကြတော့၊

သွေးမျှစုစည်း တလုံးတည်းဖြင့်၊

ဆုံဆည်းမျိုးသား၊ ထိုအင်အားလည်း၊

မြင့်မားပြည့်တွက် လှမ်းပါလျက်တည့်။


မြို့ ကျောင်းရွာကျောင်း၊ စာသင်ကျောင်းမှ၊

ကျောင်းသာလူငယ်၊ မောင်မယ်ရည်တူ၊

ကြည်ဖြူစိတ်ထား၊ လူငယ့်အားလည်း၊

ဆင့်ပွါးပြည့်တွက်၊ လှမ်းပါလျက်တည့်။


ရည်ဝေမျက်လုံး၊

နှလုံးဆွတ်ကျင်၊ လှိုက်မော်ရင်နှင့်၊

မြောင်မြင်တသ၊ ဦးနှိမ်ချလျက်……..။

အသက်ကိုပေး၊ စတေးကာအပ်၊

လွတ်လပ်ခဲ့မှူ၊ ပြည်ထောင်စုကို၊

ရုံးစုထိန်းသိမ်း၊ စောင်းမတိမ်းဘဲ၊

ငြိမ်းချမ်းပြည်သစ်၊ လုပ်သားခေတ်တိုင်၊

ဆုတ်နစ်မဲ့ကင်း၊ အားမာန်သွင်းလျက်၊

ပြင်းပြရည်စူး၊ လွန့် ကာလူးကာ..

ကျေးဇူးဆပ်ချိန်တန်ပြီတကား………။


ဘုတလင်ချစ်လေး





Read More ..

Sunday, July 13, 2008

Protect the World and protest the war

If fight with other planet in future,

invent more nuclear,

United each other,

We need to protect the world.........


All colors’re bright,

All religion’s right

We don’t need to fight

Destroy all nuclear

We need to protest the war...............


Not only for me and you

Also for new generations

Don’t forget, remind you

{We, all die one day}


Who love the peace?

Don’t play the war game

Start the beautiful day

Find the peaceful way

We need to protect the world...

We need to protest the war...............

ကိုအောင်ခိုင်မြင့်(ကနေဒါ)




Read More ..

Monday, July 7, 2008

ဒီဘ၀ ဒီမျှနဲ့ ဘဲ ပြီးနိုင်ကြပါစေ


ငကြောင်စစ်သည်တွေအတွက်
အမိုက်မှောင်ထဲ မီးထွန်း၇အောင်
ပြောပြဖို့တော့ လိုပြီကွယ်
တစ်ခါပြော၇င်လည်း
သောက်ရှက်မရှိပုံ နှစ်ဆစ်တိုးလာလို့
ငါ -ိုးမသားတွေလို့သာ ဆဲချင်တယ်။

မတွေးမိအောင် နေပေမယ့်
မမေ့နိုင်အောင် အတိတ်ခြေရာအဟောင်းတွေအပြင်
ထပ်တိုးကာ အသစ်တွယ်
သတိတ၇ရှိစ၇ာက တစ်သက်လုံး.....။

တမင်မွဲစေရော့
သေကြေစေ ဂရုမစိုက်သူလို့
ယူဆကာ တစ်သက်နာကြည်းလိုက်မယ်
ဆိုးလိုက်တဲ့နအဖ၇ယ်။

ဘ၀ခရီးဆိုတာ တယောက်တလမ်းပေမဲ့
မြန်မာ့စစ်တပ်ဆိုတာ ပြည်သူနဲ့ 
တယောက်ပန်းရင် တယောက်ကူ
တယောက်ပူတော့ တယောက်မျှ
နှစ်ယောက်တစ်ဘဝလိုမျိုးဖြစ်သင့်လိမ့်။

ကဲ....နင်တို့အဖေနအဖတို့၇ယ်
တို့ မြေမှာ ကြမ္မာဝင်တော့
ဘာလာကာ လုပ်ကြသလဲ။

ဂရုမစိုက်ပေါင်
ဦးစိုက်တာ မဲလိမ်ေ၇းဘဲ
မပြုတ်အောင် သက်ဆိုးရှည်ကြတယ်
မတည်ငွေ ၁၁သန်းလဲ
ဘိုးဘိုးအောင် ပညာပြသလို ရွှမ်းကနဲ ပျောက်
တို့ ပြည်သူတွေဆီ နှမ်းပဲလောက်တောင်မေ၇ာက်ဘူး။

ပြည်သူတွေ၇ဲ့ အမျက်ပိုးတွေနဲ့ 
မြို့ မေတ္တာခံယူတဲ့ ငါ -ိုးမသားတွေ..
တို့ မြန်မာတွေ၇ဲ့ ဝဋ်တွေလည်း
ဒီဘ၀ ဒီမျှနဲ့ ဘဲ ပြီးနိုင်ကြပါစေ။

Read More ..

Saturday, July 5, 2008

ဘောမတို့ ရှေ့ ဆက်ကြွမည်


တကယ်စစ်သော်

နှစ်လတာရှည် လက်တွဲညီညီ

ရိုက်နှက်ချက်များ

ဘ၀ဂ်တိုင်ခဲ့………။

သန်းရွှေအတွက်

ချွေးနဲ့ အသက်နဲ့ သွေးပွက်ထစေ

မတွေဝေခဲ့………။

ရွှေသားစိန်စစ် မျှော်လင့်ချက်နှင့်

ကပ်ဖားကွက်ဆင်

ညီမပေး၊ ဖန်ခင်လျက်

မာန်အဟုန်ဖြင့်

မဖြုံစိတ်ဇွဲ ရှေ့ ဆက်ဖားမည်……

၇ာထူးအင်္သချေကိုသော်လည်းကောင်း…

ပါမစ်ကုဋေကိုသော်လည်းကောင်း..။

Read More ..

Friday, July 4, 2008

နောင်တစ်ခေတ်၏ ကြောင်စစ်သည်

မွေးဇာတိ

ဖွတ်ဖွတ်မွဲစေချင်................။

သတိဝင် သတိဝင်

ငါသည် ဆိတ်ဘို..၊

တို့ပြည်တွင် ငတ်သထက်ငတ်စေဖို့ 

ကြိုးစားကာ အားပြုကြမယ်

ခွင့်ရက်မနား...........။

တွေးပါသိ

မြင်သိရ စိတ်မချပါဘိ.........။

အွန်လိုင်းမှာ

ကြောင်တေးသီ

မြန်ရွှေပြည်တိုးတက်ဖို့ အေ၇း

သန်းရွှေတပ်မတော်က

မွေးထုတ်ကာပေးလိုက်ပါတယ်

နောင်တစ်ခေတ်၏

ကြောင်စစ်သည်များ..............။

Read More ..

Monday, May 26, 2008

ထလော့မြန်မာ ထလော့

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက် မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

ဇော်ဂျီ

Read More ..