Saturday, July 19, 2008

ကျေးဇူးဆပ်ချိန်

မုတ်သုန်နိုးသည့်

ဆယ့်ကိုးဇူလိုင် မမေ့နိုင်ချေ။

မခိုင်စိတ်ဝမ်း၊ မလန်း ဘ၀င်။

မရွှင်နှလုံး၊ ပူဆာနုန်းမိ။

ဗိုလ်ချုပ်အောင်ဆန်း ပြည်သူ့ ပန်းတို့ 

သွေးလွှမ်းလူးပေ၊ ခိုင်လုံးကြွေသည်

ဖြေဆည်မတံ့နိုင်တကား….။


သြော်… ရည်ဝေမျက်လုံး

နှလုံးဆွတ်ကျင်၊ လှိုက်မောရင်နှင့်….

မြော်မြင်တသ၊ ဦးနှိမ်ချယင်း၊

လှမ်းကြရှေ့ ဆီ၊ ဗိုလ်ချုပ်ရည်သည့်

ပြည်ရွာထွန်းသစ်၊ လုပ်သားခေတ်သို့ ..။


အနုပည စာပေဂီတ၊

ဥာဏလုပ်သား၊ ထိုအင်အားလည်း၊

လှုပ်ရှားပြည့်ထွက် လှမ်းပါလျက်တည့်။

လယ်ယာစက်ရုံ၊ အလုပ်ရုံတွင်၊

အားကုန်စိုက်ကြ။


ကာယလုပ်သား၊ ထိုအင်အားလည်း၊

တက်ကြွားပြည့်တွက် ၊ လှမ်းပါလျက်တည့်။

ပြည်နယ်ပြည်မ မခွဲကြတော့၊

သွေးမျှစုစည်း တလုံးတည်းဖြင့်၊

ဆုံဆည်းမျိုးသား၊ ထိုအင်အားလည်း၊

မြင့်မားပြည့်တွက် လှမ်းပါလျက်တည့်။


မြို့ ကျောင်းရွာကျောင်း၊ စာသင်ကျောင်းမှ၊

ကျောင်းသာလူငယ်၊ မောင်မယ်ရည်တူ၊

ကြည်ဖြူစိတ်ထား၊ လူငယ့်အားလည်း၊

ဆင့်ပွါးပြည့်တွက်၊ လှမ်းပါလျက်တည့်။


ရည်ဝေမျက်လုံး၊

နှလုံးဆွတ်ကျင်၊ လှိုက်မော်ရင်နှင့်၊

မြောင်မြင်တသ၊ ဦးနှိမ်ချလျက်……..။

အသက်ကိုပေး၊ စတေးကာအပ်၊

လွတ်လပ်ခဲ့မှူ၊ ပြည်ထောင်စုကို၊

ရုံးစုထိန်းသိမ်း၊ စောင်းမတိမ်းဘဲ၊

ငြိမ်းချမ်းပြည်သစ်၊ လုပ်သားခေတ်တိုင်၊

ဆုတ်နစ်မဲ့ကင်း၊ အားမာန်သွင်းလျက်၊

ပြင်းပြရည်စူး၊ လွန့် ကာလူးကာ..

ကျေးဇူးဆပ်ချိန်တန်ပြီတကား………။


ဘုတလင်ချစ်လေး





Read More ..

Sunday, July 13, 2008

Protect the World and protest the war

If fight with other planet in future,

invent more nuclear,

United each other,

We need to protect the world.........


All colors’re bright,

All religion’s right

We don’t need to fight

Destroy all nuclear

We need to protest the war...............


Not only for me and you

Also for new generations

Don’t forget, remind you

{We, all die one day}


Who love the peace?

Don’t play the war game

Start the beautiful day

Find the peaceful way

We need to protect the world...

We need to protest the war...............

ကိုအောင်ခိုင်မြင့်(ကနေဒါ)




Read More ..

ဆော်ကြမယ် လှော်ကြမယ်

ကျနော် ဒေါင်းကွင်းအတွက်ရည်ရွယ်ရေးသားတဲ့ ဒီဆော်ကြမယ် လှော်ကြမယ် အစီအစဉ်ကို
ဒီကနေ သွားတော်မူကြကုန်။
နောက်နောင်ကို လူမော့်ရဲ့  ဆော်ကြမယ်လှော်ကြမယ် အစီအစဉ်တွေကို
ခွပ်ဒေါင်းတို့ ဘုံသာယာမှာ တွေ့ မြင်ကြရတော့မယ်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Read More ..

န၀လတ်၏ ဆေးတစ်ထုပ်

အရမ်းအရမ်းရီ၇သော ပြောင်ရှည်အဖွဲ့ ရဲ့  ပြဇာတ်ဖြစ်ပါတယ်။ ကျွန်ုပ်မောင်လူမော်လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီနေရာမှ သွားတော်မှူပါခင်ဗျာ။

Read More ..

Thursday, July 10, 2008

ဆရာဆုံးမ၍ မင်းအဖြစ်ကို ရသောသူအကြောင်း


မကြာသေးမီကပဲ ပြန်လည်အသက်ဝင်တာတဲ့ အစဉ်အလာရှိတဲ့ ခွပ်ဒေါင်းတို့ ၇ဲ့ ဘုံသာယာက

ကိုတော့ကီ၇ဲ့  ကွက်စိပ်လေး။ ခွပ်ဒေါင်းတို့ ထုံးစံအတိုင်း လက်သံပြောင်လှတဲ့အတွက်

ရီချင်သူများအတွက် ကောင်းလှပါ၏။
ဒီမှာ ကြည့်ပါခင်ဗျာ။

Read More ..

ဖခင်၏ ဂုဏ်ကိုအတတ်နိုင်ဆုံး မြှင့်တင်သော ကလေးငယ်

တစ်နေ့ အတန်းထဲမှာ ဆ၇ာက ကျောင်းသားတွေကိုမေးသတဲ့။ မိဘတွေက

ဘာအသက်မွေးဝမ်းကျောင်းအတွက် ဘာတွေလုပ်သလဲပေါ့။ကျောင်းသားတွေက ဖြေကြတာပေါ့၊

တချို့ က မီးသတ်သမား၊ တချို့ ကကုန်သည် စသဖြင့်ပေါ့။အဲဒီလိုနဲ့ နောက်ဆုံး

ဝတ်ကောင်းစားလှဝတ်ပြီး ပါဂျဲရိုနဲ့ ကျောင်းတတ်လေ့ရှိတဲ့ ကလေးလေးအလှည့်

ေ၇ာက်လာသတဲ့။ဆ၇ာကမေးတာပေါ့…….။

ကလေး။ ။ကျနော့်ဖေဖေက အခြောက်ပါ။ တစ်ခါတစ်လေ ပန်းဆိုးတန်းမှာ မိန်းမလို ၀တ်ပြီး

ရှောက်သီးဆေးပြားေ၇ာင်းပါတယ်။ ညဖက်ခေါ်တဲ့သူရှိ၇င်လည်း လိုက်ပါတယ်။

ဆ၇ာက ကြားလိုက်တော့ တော်တော် အံသြသွားတယ်။အဲဒါနဲ့ အတန်းဆင်းတော့ ဆ၇ာကမေးတာပေါ့။

ဆ၇ာ။ ။ သား၇ယ် ၊ သားအဖေက အဲဒီလိုလုပ်တာ တကယ်ကောဟုတ်၇ဲ့ လား။မရှက်ဘူးလားသား၇ဲ့ ။

ကလေး။ ။သားဖေဖေက နအဖ၇ဲ့ ဝန်ကြီးဆိုတာ ကလေးချင်းပြော၇မှာ ပြော၇မှာ ပိုပြီးရှက်လို့ ပါဆ၇ာ။

PS:အပြင်မှာ မော်ကြွားနေသော သူခိုးအဖေတော်ထားတဲ့ သူများကို၇ည်စူးကာဖြင့်.................



Read More ..

Wednesday, July 9, 2008

သောက်တလွဲမောင်

သန်းရွှေကြီးလဲ ကြက်ပြေးကိုပြောင်းကထဲက နေမထိထိုင်မသာ၊ နာဂစ်ကလဲတိုက် ဘုန်းဘုန်းတွေကိုလဲကြောက်ရ။

လွန်ခဲ့တဲ့ မနီးမဝေးမှာပဲ သူ့ရဲ့ လက်ကိုင်တုတ်ကြံဖွံ့ရုံးတစ်ရုံးကို ဗုံးခွဲခံခဲ့ရတော့ အကြောက်ကြီးကြောက်လို့ နေသတဲ့။

တစ်နေ့ သေပြည်တော်ကြက်ပြေးမှာ နေပူစာလှုံနေတုန်း မိုးပေါ်ကနေပြီး ဒုံးကျည်အခွံတစ်ခု ကျလာပါသတဲ့။

အဲသဟာနဲ့ ဒုံးကျည်ကြီးကို ခွဲကြည့်လိုက်တဲ့အခါ စာလိပ်ထဲမှာ Code စာလိုလိုဟာလေး တွေ့ လိုက်ရသတဲ့။

စာထဲမှာရေးထားတာကတော့ 370HSSV-0773H တဲ့။

အဲဒါနဲ့ သန်းရွှေလဲ ကြောက်လန့်ပြီး အဲဒီCodeကို

ဖော်ခိုင်းတာပေါ့ကွယ်။ ဘုန်းကြီးရိုက်ဖို့ လောက်သာသာသာ အသုံးကျပြီး ကူညီပါရစေဆိုတဲ့ စာတန်းကိုအော်နေတဲ့

ပြည်သူ့ ရဲတွေဟာလည်း သူတို့ ဖေဖေရဲ့ ဒုက္ခကို ကူညီဖို့ ဥာဏ်မရှိလေတော့မတတ်နိုင်ကြသတဲ့။ အဲသဟာနဲ့ သန်းရွှေလဲ

သူ့ ဖေဖေရုရှားတွေဆီပြေးသတဲ့။ ဒါဘာကြီးလဲပေါ့လေ။ အဲဒါနဲ့ နောက်တစ်နေ့

့ရုရှားKGB(Komityet Gosudarstvennoy Bezopasnosti) က ပြန်စာရသတဲ့။

`နင်တို့ သောက်ထုံဗိုလ်ချုပ်တွေကို ပြောလိုက်ပါ။ စာကို ဇောက်ထိုးမဖတ်နဲ့ ´တဲ့။

Read More ..