မုတ်သုန်နိုးသည့်
ဆယ့်ကိုးဇူလိုင် မမေ့နိုင်ချေ။
မခိုင်စိတ်ဝမ်း၊ မလန်း ဘ၀င်။
မရွှင်နှလုံး၊ ပူဆာနုန်းမိ။
ဗိုလ်ချုပ်အောင်ဆန်း ပြည်သူ့ ပန်းတို့ 
သွေးလွှမ်းလူးပေ၊ ခိုင်လုံးကြွေသည်
ဖြေဆည်မတံ့နိုင်တကား….။
သြော်… ရည်ဝေမျက်လုံး
နှလုံးဆွတ်ကျင်၊ လှိုက်မောရင်နှင့်….
မြော်မြင်တသ၊ ဦးနှိမ်ချယင်း၊
လှမ်းကြရှေ့ ဆီ၊ ဗိုလ်ချုပ်ရည်သည့်
ပြည်ရွာထွန်းသစ်၊ လုပ်သားခေတ်သို့ ..။
အနုပည စာပေဂီတ၊
ဥာဏလုပ်သား၊ ထိုအင်အားလည်း၊
လှုပ်ရှားပြည့်ထွက် လှမ်းပါလျက်တည့်။
လယ်ယာစက်ရုံ၊ အလုပ်ရုံတွင်၊
အားကုန်စိုက်ကြ။
ကာယလုပ်သား၊ ထိုအင်အားလည်း၊
တက်ကြွားပြည့်တွက် ၊ လှမ်းပါလျက်တည့်။
ပြည်နယ်ပြည်မ မခွဲကြတော့၊
သွေးမျှစုစည်း တလုံးတည်းဖြင့်၊
ဆုံဆည်းမျိုးသား၊ ထိုအင်အားလည်း၊
မြင့်မားပြည့်တွက် လှမ်းပါလျက်တည့်။
မြို့ ကျောင်းရွာကျောင်း၊ စာသင်ကျောင်းမှ၊
ကျောင်းသာလူငယ်၊ မောင်မယ်ရည်တူ၊
ကြည်ဖြူစိတ်ထား၊ လူငယ့်အားလည်း၊
ဆင့်ပွါးပြည့်တွက်၊ လှမ်းပါလျက်တည့်။
ရည်ဝေမျက်လုံး၊
နှလုံးဆွတ်ကျင်၊ လှိုက်မော်ရင်နှင့်၊
မြောင်မြင်တသ၊ ဦးနှိမ်ချလျက်……..။
အသက်ကိုပေး၊ စတေးကာအပ်၊
လွတ်လပ်ခဲ့မှူ၊ ပြည်ထောင်စုကို၊
ရုံးစုထိန်းသိမ်း၊ စောင်းမတိမ်းဘဲ၊
ငြိမ်းချမ်းပြည်သစ်၊ လုပ်သားခေတ်တိုင်၊
ဆုတ်နစ်မဲ့ကင်း၊ အားမာန်သွင်းလျက်၊
ပြင်းပြရည်စူး၊ လွန့် ကာလူးကာ..
ကျေးဇူးဆပ်ချိန်တန်ပြီတကား………။ ။
ဘုတလင်ချစ်လေး
No comments:
Post a Comment