တစ်ခါက ကျော်ဆန်းကြီး နေပြည်တော်မှအပြန် အဲပုဂံလေယာဉ်ပေါ်တွင် လိုက်ပါလာလေသည်။
နေပြည်တော်-၇န်ကုန်ဆိုသော်လည်း ပြည်တွင်းလေကြောင်းဖြစ်သောကြောင့်
ဘတ်ဂျက်မကိုက်သဖြင့် တစ်ပြည်လုံး လှည့်ပတ်ပျံ၇လေ၇ာ လေယာဉ်တွင် လူတော်တော်များများ
ပါလာလေသည်။ထိုအထဲတွင် ၈နှစ်အရွယ်ကောင်လေးတစ်ယောက်နှင့်
သူ့ အမေလည်းပါသည်။ထိုအခိုက် ကလေးက ဘာဖြစ်သည်မသိ။ တွေ့ သမျှခုံများ လူများကို
လိုက်လံ ကန်ကျောက် ဆွဲစုတ်ကာအော်ဟစ်ငိုယိုလေသည်။ ကျော်ဆန်းကြီး
လေယာဉ်မယ်လေးများဖြင့် ဇိမ်ယူနေ၇ာမှ သည်းမခံနိုင်သဖြင့်
ကလေးရှိ၇ာသို့ ထလာလေသည်။ကလေးကို ပခုံးမှ ခပ်ကြပ်ကြပ်ကိုင်ကာ စကားတစ်ခွန်းပြောလိုက်သည်။
ကလေးသည် အံ့သြလောက်အောင်ပင် ချက်ချင်းပင်ငြိမ်ကျသွားကာ
မိမိထိုင်ခုံသို့ နေ၇ာတကျသွားထိုင်လေသည်။
အနီးအနားရှိ လေယာဉ်မယ်မှာ သိလိုလှသောကြောင့် မအောင့်နိုင်ဘဲမေးလိုက်လေသည်။
လေယာဉ်မယ်။ ။အန်ကယ်ကြီး၊ ကလေးကို တခွန်းထဲနှင့်ဘယ်လိုငြိမ်အောင် လုပ်ခဲ့တာလဲဟင်။
မီးတို့ နောက်ဆို နည်းသိ၇အောင်ပြောပြပါလားဟင်။
ဂွတိုသည် ညုတုတုအသံကို သဘောကျလှသည် ဖြစ်၇ကား
ကျော်ဆန်း။ ။မခက်ပါဘူးမီး၇ယ်၊ ဦး၇ဲ့ ယူနီဖောင်းပခုံးပေါ်က အပွင့်တွေ အခက်တွေပြပြီး
` ဒါမင်းတို့ ကိုးကွယ်နေတဲ့ ဘုန်းကြီးတွေတောင် သတ်ပြီး၇ခဲ့တာ မင်းတို့ ကို ကောင်လေးကို
လေယာဉ်ပေါ်က ကန်ချဖို့ ဝန်မလေးဘူး´ လို့ တခွန်းပဲပြောလိုက်တာပါ။
Monday, June 30, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment