Error loading feed.

Thursday, January 1, 2009

နှစ်သစ်ဆုတောင်း

ကိုလျှာရှည်လိုဘဲ လူမော်လဲ သက်ပြင်းတစ်ချက်ဆွဲသွင်းလိုက်သည်။ ပြီးတော့ သက်ပြင်းတစ်ချက်ဘဲ
ပြန်မှုတ်ထုတ်သည်။နှစ်တစ်နှစ်သည် လူမော့်မျက်စိအောင်တွင်ပင် ကိန်းဂဏန်းတစ်ခု တိုးသွားလေဘီ။လက်ထဲတွင်ရှိသော
မာတေးလေးကို ခပ်ပျော့ပျော့စုပ်လိုက်သည်။ရစ်ရွှေရည်သည် လည်ချောင်းတစ်လျောက် ပျော်ဝင်ကာ ဆင်းသွား၏။
လူတွေ၏ ဟေးခနဲ အော်သံကား လူမော့်အတွက် ပျော်စရာမကောင်းခဲ့ပါ။အသာအယာနဖူးပေါ်လက်တင်ကာ
လူမော့်၏ အကျင့်အတိုင်း ပြီးခဲ့သည့်နှစ်တစ်နှစ်လုံးကို ပြန်ပြောင်းအောက်မေ့လိုက်သည်။


၂၀၀၈အပြီးမှာ စစ်အစိုးရလဲ ပြုတ်ကျမသွားခဲ့ပါ။ရွှေဝါရောင်တော်လှန်ရေးလို နောက်တစ်ကြိမ်လဲ
မပေါ်ပေါက်ခဲ့သည့်အပြင် ကျနော်တို့မြန်မာနိုင်ငံကြီးလဲ နာဂစ်ဘေးမှ ခံခဲ့ရပါသည်။
ကျနော်တို့ စစ်အစိုးရကိုတော်လှန်ဖို့ ဘာလုပ်နေခဲ့ပါသနည်း။အဖြေကရှင်းပါသည်။ ဘာမှလုပ်မနေခဲ့ပါ။
အကယ်လို့ တစ်ဦးတစ်ယောက်က လုပ်တယ်ဆိုထားဦး။ ထိုလုပ်ဆောင်မူသည် အကျိုးမသက်ရောက်နိုင်သော
လုပ်ဆောင်မူ ဖြစ်ပါလိမ့်မည်။ထိုအပြုအမူများအတွက် လူမော်တို့ တစ်ယောက်ကို တစ်ယောက်အပြစ် မတင်ကြဘဲ
၂၀၀၈ မှ လုပ်ဆောင်ခဲ့ကြသော အပြုအမူများမှ သင်ယူပြီး ပိုမိုအကျိုးသက်ရောက်အောင် ဆောင်ရွက်သင့်သည်။
ကိုကျည်ပွေ့ ပြောသည့်အတိုင်းပင် စစ်တပ်သည် နေရာအများအပြား တွင် နေရာယူရာ တော်လှန်ရေးသမားများကို
ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပါ စနစ်တကျတိုက်ဖျက်နေသည်ကို တွေ့ နိုင်သည်။
လူတိုင်းနှစ်သစ်တွင် ဒီနှစ်အတွက် အဖြစ်ချင်ဆုံးဆန္နတစ်ခုတော့ ရှိတတ်ကျသည်။လူမော့်အတွက်
တရားမမျှတမူကို တိုက်ခိုက်နေသည့် အမှန်တရားဘက်တော်သားများ စည်းလုံးစေချင်သည်။
ပန်းတိုင်မရောက်မီ အားလျော့စေချင်ပါ။ မနှစ်ကလူမော်ထက် ပိုမိုကောင်းမွန်သော လူမော်တစ်ယောက် ဖြစ်အောင် ကြိုးစားနေပါသည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဆိုသော ပန်းတိုင်တစ်ခုတည်းအတွက် တော်လှန်ရေးသမားများအားလုံးကိုလည်း အရင်နှစ်ကထက်
သူတို့နယ်ပါယ်တွင် ပိုမိုကောင်းမွန်သော တော်လှန်ရေးသမားများများ ဖြစ်ကြပါစေလို့ လူမော့်ဘလောခ့်မှ ဆုတောင်းလိုက်ရင်း…

Happy New Year




No comments: