အမှန်အတိုင်းပြောရရင် ကိုယ်တိုင်ကလည်းပျင်းတာကတစ်ကြောင်း၊
အလုပ်တွေကလည်းပုံနေတာကလည်း တစ်ကြောင်း
နေနတ်တို့ ရှိနေတာလည်းတစ်ကြောင်းကြောင့် ဘလောခ့်လေးကိုမေ့ပြီး ဆိုင်ရာလေးတွေ လုပ်နေတာပါ။
ဘလောခ့်ကမ္ဘာတော့ မျက်ခြေမပျက် စနည်းနာနေတာပေါ့..။ ကြည့်ပြီဆိုကာမှ သောက်ချိုးမပြေတာတွေ
တွေ့ နေတော့ ဒီကကောင်လဲ ရေးဖို့ ပြန်လက်ယားလာပြန်ပါဘီ။ ဒန်ဒန့် တန် ;P
အရင်ဆုံး စပြီး ကြားရတာတော့ ကိုမောင်ဒိုင်းကိစ္စဘဲ။ ကြားစက တော်တော်လေသွားတယ်။မီဒီယာသမားချင်း
ဒီလိုလုပ်ရက်ကြသလား ပေါ့။
(ပြောသာပြောနေတာ များမကြာ ကိုယ့်အလှည့်ရောက်ရင် ရောက်နေမှားP )
ရဲဘော်ရဲဘက်တစ်ယောက်ကျဆုံးသလို မချိတင်ကဲဖြစ်မိသလို သူ့ စည်းကိုယ့်စည်းမထားဘဲ
လုပ်တဲ့ကောင်တွေကိုလည်း ချဉ်လာတယ်။
Oppositeyes တို့ပြောသလို သူတို့ဘက်ချည်းမဖိဘဲ တခြားဖက်က သူတွေ သောက်ပုံမလာတာပါ ထောက်ပြဖို့
သရော်စာရေးတဲ့ကောင်တစ်ယောက်အနေနဲ့ လိုလာပြီလို့ ကျနော့်ကိုယ်ကျနော်ထင်မိလို့ ဒီဘလောခ့်ကို
ပြန်စဖို့ဆုံးဖြတ်လိုက်ဘီ။ ဟိဟိ...
ကဲ ထိုကောင်းမူအစုစုကြောင့် နတ်လူသာဓုခေါ်စေတော့.....
မသမာအကျိုးမပြုသည့် ဟိုမိုဒီမိုများအား နှာနုကို နှက်စေမည်..။ ဒူဝေေ၀ဝေေ၀..။
Monday, November 3, 2008
Subscribe to:
Post Comments (Atom)
1 comment:
Welcome Back! :D
Post a Comment